Friday 29 December 2006

ကျွန်မ ချစ်သော ဘွားဘွားကြီး

ကျွန်မ ဘွားဘွားကြီး ကို အရမ်းချစ်ပါတယ်၊၊ ဘွားဘွားကြီး ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင်ပါ၊ဘွားဘွားကြီးဟာ မေမေ့ရဲ့ အဒေါ်အပျိုကြီးပါ၊။ မေမေတို့ ငယ်ငယ်က မြို့သစ်မြို့နယ်က ဆားတဲဆိုတဲ့ ရွာလေးမှာနေပါတယ်၊၊ ကျွန်မမေမေ ကျောင်းစထားတဲ့ အရွယ်ကစပြီး ၊ သူတူမလေးကို သူလိုစာမတတ်မှာစိုးလို့ ဆိုပီး မြိုမှာ အိမ် တစ်လုံးဝယ်ပေးပါလို့ မိဘတွေကို ပူဆာပီး တောင်တွင်းကြီးမြို့ပေါ်မှာ တူဝရီးနှစ်ယောက်ထဲနှင့် ဘ၀တစ်ခု စပီးတည်ထောင်ခဲ့တာပါ၊၊ ဒါပေမဲ့ မေမေက (၁၀) တန်းထိပဲအောင်ခဲ့ပါတယ်၊၊နောက်ပိုင်း မေမေ အိမ်ထောင်ကျတော့လည်း မေမေနှင့်တူတူ မြတ်မြို့ထိ လိုက်နေခဲ့ပါတယ်၊၊
ဘွားဘွားကြီးက ငယ်ငယ်က စာအရမ်းသင်ချင်ပါတယ်၊ဒါပေမဲ့ ရှေးလူကြီးတွေရဲ့ ထုံးစံအတိုင်း
မိန်ကလေး သေစာရှင်စာတတ်ရင်တော်ပိ ဆိုပီး ကျောင်းမထားပေးလို့ သူစာမသင် ခဲ့ရတဲ့ အကြောင်းတွေ ပြောပြီး စာကြိုးစားခိုင်းပါတယ်၊၊ ကျွန်မတို့ စာကျက်ချိန်မှာ ဆိုရင် ဘာမှ မခိုင်းပါဖူး၊စာသာ ကျက်နေမယ်ဆိုရင် ထမင်းလည်းအဆင်သင့် အားလုံးကို ဘွားဘွားကြီးက လုပ်ပေးထားပါတယ်၊၊ ကျွန်မတို့ဟာ မိဘနှင့် နေတဲ့အချိန်ထက် ဘွားဘွားကြီးနှင့် နေတဲ့ အချိန်က ပိုများပါတယ်၊၊ ဘွားဘွားကြီး ရဲ့ ကျေးဇူးတွေက အများကြီးပါ၊၊ကျွန်မအဖေက အစိုးရ၀န်ထမ်းဆိုတော့ သူ့လစာနှင့်မလောက်ပါဖူး၊အဲဒီ အချိန်က မြိတ်မြို့မှာ မှောင်ခိုကုန်ကူးတာ တွေခောတ်စား တဲ့အချိန်ပေါ့၊၊ ဘွားဘွားကြီးက ကျွန်မတို့ မိသားစုကို ကုန်ကူးပီးကျွေးခဲ့ပါတယ်၊၊ ယိုးဒယားဖက်က သွင်းလာတဲ့ကုန်(အထည်၊ အချိုမုန့်၊ စတီး၈ျိုင့်၊ တွေကို ရန်ကုန်ကို သဘောင်္နှင့် သယ်ရပါတယ်၊၊ ရန်ကုန်မှာ ပြန်သွင်းရတာပါ၊၊ တခါတလေ အဖမ်းခံရရင် အရင်းပါပြုတ်ပါတယ်၊၊ အကောက်ခွန်ဌာနက လူတွေအတွက်တော့ ချမ်းသာကြတာပေါ့၊၊ ဘွားဘွားကြီး ၊ရန်ကုန်ကပြန်လာရင် သီးအနှံတွေပြန်သယ်လာပါတယ်၊၊ ခရမ်းချဉ်သီး၊လိမ်မော်သီး၊ ပန်သီးပေါ့၊ အဲဒါတွေကို ကျွန်မတို့က မြိတ်မှာ ပြန်ရောင်းရပါတယ်၊၊ ကျွန်မငယ်ငယ်က လိမ်မော်သီးေ၇ာင်းရတာ အရမ်းရှက်ပါတယ်၊၊ ဘွားဘွားကြီး က သမာအာဇီဝပဲ၊ ရှက်စရာမလိုဖူးလို့ ဆုံးမထားပါတယ်၊၊ နောင်မှ မေမေက ဈေးရောင်းတော့ ဘွားဘွားကြီးကို အိမ်မှာပဲ ကျွန်မတို့မောင်နှစ်မ နှင့်နေ မေမေ့ဆိုင်ထမင်းပို့ ၊ဆိုင်ထိုင် ၊ပြောင်းပီးလုပ်ခဲ့ပါတယ်၊၊ (၈၈)အရေးအခင်းဖြစ်တော့ ကျွန်မတို့မိသားစု မြိတ်မြို့မှာ အမျိုးမရှိတာမို့လို့ ၊ ပြေးမယ်ဆိုရင် ပြေးစရာနေရာမရှိဖူးဆိုပြီး၊ဘွားဘွားကြီးက ကျွန်မတို့ မောင်နှစ်မတွေကို သူ့မွေးရပ်မြေ တောင်တွင်းကြီးကို ပြန်ခေါ်လာခဲ့ပါတယ်၊၊ဖေဖေမေမေတို့ ပို့တဲ့ ပိုက်ဆံနှင့် သူ့လယ်က ထွက်တဲ့စပါးတွေနှင့် ကျွန်မတို့ မောင်နှစ်မတွေကို (၁၀) တန်းအောင်တဲ့ အထိ ကျောင်းထားပေးခဲ့ပါတယ်၊၊
(၁၀)တန်းအောင်ရင် ကျွန်မအဖေက ကျွန်မတို့ကို ရန်ကုန်က အဘွားအိမ်ကို ပို့ပီး ကျောင်းဆက်တက်တော့ ဘွားဘွားကြီးနှင့် ဝေးသွားပါတယ်၊။ ကျွန်မအလုပ်ရတော့ တနှစ်တခါ ဘွားဘွားကြီးကို ပြန်ပီး ကန်တော့ပါတယ်၊၊ ဘွားဘွားကြီးကတော့ ကျွန်မတို့ ပြန်လာရင် သူ့သူငယ်ချင်းတွေကို သူ့မြေးတွေ လိမ်မာကြောင်း၊ရန်ကုန်မှာ အလုပ်လုပ်နေတာဖြစ်တဲ့ အကြောင်းဂုဏ်ယူနေလေ့ရှိပါတယ်၊၊ ကျွန်မတို့ ပညာတတ်ဖြစ်လာတာကို မြင်ရတာကပဲ သူ့အတွက် အားဆေးတခွက်ပဲတဲ့၊၊သူ ဘာမှ မလိုပါဖူးတဲ့၊၊ ကျွန်မတို့ ပို့သမျှ ပိုက်ဆံတွေကို သူ အကုန်စုပြီး လှူပစ်ပါတယ်၊၊
ဒီလိုနှင့်ပဲ ဘွားဘွားကြီးဟာ အသက်(၈၀) နားနီးမှာ ဆုံးသွားပါတယ်၊၊ ဆုံးသွားရတဲ့ အကြောင်းအရင်းကို ပြောပြပါရစေ၊၊ ကျွန်မအဘွားဟာ ဒီလို့ ဆေးမီတို တစ်ခုကြောင့် ဆုံးသွားရတယ်ဆိုတာ စဉ်းစားမိတိုင်း ရင်နာလို့ မဆုံးပါဖူး၊၊ သူသင်ချင်ခဲ့တဲ့ ပညာတွေ မသင်ခဲ့ရလို့ ဗဟုသုတ မရှိခဲ့လို့များလား၊၊ ပထမမှာ ဘွားဘွားကြီးက ယားနားတစ်ခု ပေါက်လာပါတယ်၊၊ အဲဒါကို ဆေးခန်းမပြပဲ နှမြောပိး ၊သူများပြောတဲ့ နွားချီးခြောက်နှင့် အုန်းဆီလိမ်းပါတယ် ၊ မေမေလည်းမသိလိုက်ပါဖူး၊၊ အဲဒီမှာ အနာက ပိုဆိုးလာပီး ၊ တကိုယ်လုံး အနာတွေ ပေါက် လာပါတယ်၊၊ ကျွန်မတို့လည်းသိသိချင်း ဆေးအမြန်ကုပါတယ်၊၊ မေမေက ဘွားဘွားကြီးကို နေ့တိုင်းရေးချိုးပေးပီး ၊ ဆရာဝန်ပေးတဲ့ လိမ်းဆေးတွေနှင့် ပြောင်းကုပေးပါတယ်၊၊ ဘွားဘွားကြီးက ကျွန်မတို့ကို စိတ်ပူမှာဆိုးလို့ မခေါ်ခိုင်းပါဖူး၊၊ နှောက်ဆုံးအချိန်ရောက်မှ မေမေ ပြန်ခေါ်မှ ကျွန်မတို့တွေ ပြန်လာခဲ့တာပါ၊၊ ကျွန်မတို့တွေ ဘွားဘွားကြီးကို သေသေချာချာ ပြုစုပေးခဲ့ပါတယ်၊၊ သူလှူချင်တဲ့ ဘုရားကြီးကို လည်းကျွန်မကိုယ်တိုင် သွားလှူပေးခဲ့ပါတယ်၊။ အိမ်ပြန်ရောက်တော့ ဘွားဘွားကြီးကို ပြန်ပိးအမျှဝေပေးပါတယ်၊၊ ဘွားဘွားကြီးက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်၊၊ နောက်တော့ ဘွားဘွားကြီးက ငါလှူချင်တာတွေလည်းလှူပီးပီ၊၊ ငါ့မှာ ၀ဠ်ကြွေးတွေရှိခဲ့ရင် ဒီဘ၀နှင့် ပဲ အကြေဆပ် ခဲ့တယ်တဲ့၊၊ ငါ့မြေးတို့ အလုပ်ရှိတယ် ပြန်ကြတဲ့၊၊ အဘွားက သေပျော်ပီဆိုပြီး ပြန်လွတ်လိုက်ပါတယ်၊၊ နောက်တစ်လကြာတော့ ဘွားဘွားကြီး ဆုံးသွား ပါတယ်၊၊
ဘွားဘွားကြီးဟာ ကျွန်မဘ၀ ရဲ့ အားမာန်ပါ၊၊ ကျွန်မတို့ မောင်နှစ်မတွေရဲ့ သိမ်ငယ်မှုတွေ ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့တာပါ၊၊ဘွားဘွားကြီး ရဲ့ ကျေးဇူးတွေဟာ ကျွန်မရဲ့ ဘ၀ မှာ တန်ဖိုး မဖြတ်နိုင်ခဲ့ပါဖူး၊၊ ကျွန်မတို့တွေ ဘွားဘွားကြီးရဲ့ ကျေးဇူးတွေကို ကျေအောင်ဆပ်နိုင်ခဲ့လား ဆိုတာ ကျွန်မကိုယ်ကျွန်မ မယုံကြည်ခဲ့ပါဖူး၊၊ဒီလိုနှင့် ပဲ ဘွားဘွားကြီး ကျွန်မတို့ကို ထားခဲ့တာ ၅ နှစ်ရှိခဲ့ပါပီ၊၊ ကျွန်မအနေနှင့်ကတော့ ဘွားဘွားကြီးကို တောင်းတွင်းကြီးမှာ ရှိနေဆဲပဲဆိုတဲ့ အသိတစ်ခုအနေနှင့်ပဲ ရှိနေဆဲပါ၊၊

Friday 15 December 2006

အမှတ်တရစာပိုဒ်လေး

ဒီစာပိုဒ်လေးက ကျွန်မအတွက် ရီရမလို၊ ငိုပဲငိုလိုက်ရမလိုဖြစ်ခဲ့တဲ့ကဗျာလေးပါ၊၊ တိုက်ဆိုင်မှုဆိုတာလေးတွေ ရှိခဲ့ရင်ပေါ့လေ၊၊ ကျွန်မ အခု ညနေပိုင်း သင်တန်းတစ်ခုတက်နေပါတယ်၊၊ ကျွန်မအတွက် အခြေခံဗဟုသုတ လုံးဝမရှိခဲ့တဲ့ အကြောင်းအရာတွေမို့လို့ ဆရာစာရှင်းပြတိုင်းမှာ ကျွန်မချက်ချင်းနားမလည်ပါဖူး၊၊ အူကြောင်ကြောင် နှင့် ဆရာပြောသမျှ၊အသေမှတ်လေ့ရှိပါတယ်၊၊ ပြီးမှပဲ ကျွန်မသူငယ်ချင်းတွေကို တဆင့်ပြန်ရှင်းပြခိုင်းလေ့ရှိ ပါတယ်၊၊ အဲလိုနားမလည်လို့ ပြန်ရှင်းပြခိုင်းတိုင်းမှာ ကျွန်မသူငယ်ချင်းက ပြောပါတယ်၊၊ “ကောင်မလေး၊အတတနှင့် စာသင်ပေးတာ၊ ကောင်းကောင်းမသင်၊သနားလို့ စောင်ခြုံပေးတော့၊သေးပေါက်ချတယ်” လို့ပြောပါတယ်၊၊ အဲလို ပြောတော့ ကျွန်မအရမ်းရှက်တာပေါ့၊၊ ငါစာနားမလည်တာကိုလှောင်တယ်ပေါ့လေဆိုပီးတော့လေ၊၊ ကျွန်မစာမေး မိတိုင်း သူအမြဲပြောပါတယ်၊၊ မနေ့ကတော့ ဆရာလည်းစာသင်ပြီးရော ကျွန်မနားမလည်တာကို သိနေတဲ့ သူငယ်ချင်းက “နင်ရေချိုးလာရဲ့လား၊နင့်ဆီက သေးစော်နံတယ်တဲ့၊ သေးများပေါက်ချထားလား”တဲ့ ကျွန်မကို မေးပြန်ပါတယ်၊၊ ကျွန်မလဲ စိတ်က ခပ်ချဉ်ချဉ်ဖြစ်နေတော့ “ရေမချိုးခဲ့ဖူး ၊ သေးတွေလည်းပေါက်ချထားတယ်” လို့ ပြန်ပြောလိုက်ပါတယ်၊၊ နင်အရမ်းညစ်ပတ်တာပဲ ဆိုပြီး ကျွန်မ ကို သူဆိုနေကျ ကဗျာကို ရွတ်ပြပြန်ပါတယ်၊၊ ဒီတချိန်မှာတော့ ကျွန်မလည်း သီးမခံတော့ပဲ “ခင်ဗျား၊ ဘာဖြစ်နေလဲ၊ စာနားမလည်လို့ ပြန်ရှင်းခိုင်းတာ ဒီလိုနှိမ်ရလား၊၊ ဒီလို စိတ်နှင့်ဆို ခင်ဗျား နောင်ဘ၀၊ဒီလောက်တောင် စာတော်မှာ မဟုတ်ဖူး ”လို့ ပြန်အော်လိုက်ပါတယ်၊၊ သူလည်းခဏ ငြိမ်သွားပြီး ၊ ကျွန်မကို ပရိုဂရမ် အသစ်တစ်မျိုးရေးပြီး ပြန်ရှင်းပြပါတယ်၊၊
ပြီးတော့မှ သူတို့ ငယ်ငယ်က ကျောင်းမှာ သူများမခံချင်အောင်စခဲ့တဲ့ စာပိုဒ်လေးတစ်ပုဒ်ဖြစ်ကြောင်း ပြောပြ ပါတယ်၊၊ စာပိုဒ် အစအဆုံးကတော့ ဒီလိုပါ၊၊
“ ကောင်မလေး၊ အတတ နှင့် စာသင်ပေးတော့လဲ ၊ ကောင်းကောင်းမသင်၊ မုန့်ဖိုးပေးတော့လဲ၊ ဖျောက်ပစ်တယ်၊ သနားလို့ စောင်ခြုံပေးတော့လဲ၊ သေးပေါက်ချတယ်” တဲ့၊၊
ကဲ အားလုံးပဲ တိုက်ဆိုင်မှုရှိရင် ပြုံးနိုင်ကြပါစေ၊၊ ကျွန်မ အတွက်တော့ အရမ်းတိုက်ဆိုင်ခဲ့လို့ စဉ်းစားမိတိုင်း ကျွန်မ မရီဖြစ်ရင်တောင် ပြုံးမိပါတယ်၊၊

Wednesday 13 December 2006

ကျွန်မ သွားခဲ့သော ခရီးများ

ကျွန်မအရင်ကခရီး၊သိပ်မထွက်ဖြစ်ပါဖူး၊။အိမ်ကဘယ်မှမလွတ်လို့ပါ၊၊ခုနောက်ပိုင်း၊ရုံးမှာအလုပ်လုပ်တဲ့၊အချိန် က စပြီး၊အဖွဲ့အစည်းနှင့် လေ့လာရေးခရီးတွေ သွားရပါတယ်၊။ ပထမဆုံးအကြိမ် ရုံးနှင့်သွားတဲ့ခရီးက ဖျာပုံမြို့ အလွန၊်ကုလားထိပ်ရွာက၊ပင်လယ်ဝမှာရှိတဲ့ဖိုင်ဘာကေဘဲလ်ကို၊သွားရောက်လေ့လာတဲ့ ခရီးကနေစခဲ့တာပါ၊၊ အဲဒီဖိုင်ဘာကေဘဲလ်က၊ ပင်လယ်အောက်ကနေ၊ မြန်မာနိုင်ငံတွင်းကို၊ စတင်ဝင်လာတဲ့နေရာလေးကို သွားရောက်လေ့လာခဲ့တာ၊ဖြစ်ပါတယ်၊၊အဲဒီတုန်းက၊ကျွန်မတို့စီးတဲ့ကား၊မိုးတွင်းဆိုတော့လမ်းချော်ပီး၊ကံကောင်း လို့ ချောက်ထဲထိုးမကျတာ၊ လမ်းဘေးက လမ်းတားထားတဲ့ အုတ်တိုင်ခိုင်နေလို့ မကျတာပါ၊၊ ဖျာပုံအိပ်ချိန်းမှာ တညတည်းပြီး၊ ပင်လယ်ဝကို လှေစီးပီး ခရီးဆက်ခဲ့ကြပါတယ်၊၊ ကျွန်မကတော့ ရေမကူးတတ်ပဲနဲ့ လှေဦးမှာ ထိုင်ပြီး ပတ်ဝန်းကျင်ကို လေ့လာပြီးလိုက်လာရတာ အရမ်းပျော်ပါတယ်၊၊ မြစ်ကမ်းနားမှာ အိမ်တွေဆောက်ပြီး ရေလုပ်ငန်းလုပ်ကိုင်ရင်း အသက်မွေးကြတဲ့ လူတွေကို မြင်ခဲ့ရပါတယ်၊၊ သူတို့ဆို ရေပေါ်မှာပဲ လှေကလေးတွေ နှင့်သွားလာလှုပ်ရှားကြပါတယ်၊၊၀ါးဖောင်တွေရေပေါ်မှာ၊ထိုးထားပြီးငါးခြောက်တွေလှမ်းထားတာတွေ့ရပါတယ်၊၊ ကျွန်မအတွက်တော့၊မြင်မြင်သမျှဟာ၊အထူးအဆန်းချည်းပါပဲ၊၊ကျွန်မကရေရှားတဲ့၊ အညာဒေသက လာတဲ့လူ ဆိုတော့လေ၊၊ ပင်လယ်ဝရောက်တော့ ကမ်းကိုမမြင်ရတော့ပဲ ကြည်လင်နေတဲ့ ပင်လယ်ရေစိမ်းစိမ်းလေ တွေကိုမြင်ရတာ၊ကိုင်ကြည့်ရတာအရမ်းကိုပျော်ရွှင်မိပါတယ်၊တယ်လီဖုန်းအိတ်ချိန်းတွေကိုလဲ လေ့လာခဲ့ကြ ပါတယ်၊၊ အပြန်မှာဖျာပုံဈေးထဲကနေ ပုဇွန်ခြောက်၊ငါးပိ၊ ငါးခြောက်တွေဝယ်ပြီးပြန်ခဲ့ပါတယ်၊၊ဒီခရီးလေးကတော့ ကျွန်မအတွက် ပညာတွေရော ဒေသအတွေ့အကြုံတွေပါ အများကြီးရခဲ့ပါတယ်၊၊ဖျာပုံခရီးရဲ့ အမှတ်တရဓါတ်ပုံ တွေက ဒီမှာ ပါရှင်၊၊
ဒုတိယအကြိမ် သွားတဲ့ခရီးကတော့ ရုံးက သူငယ်ချင်းတွေနှင့် ကျိုက်ထီးရိုးတောင်ပေါ်ကို သွားခဲ့တဲ့ ခရီးပါ၊၊
အသွားမှာ၊ညဖက်၈နာရီကနေ၊စထွက်ရပါတယ်၊၊သူငယ်ချင်းတွေ၊အများကြီးဆိုတော့၊အရမ်းကိုပဲပျော်စရာ ကောင်းခဲ့ပါတယ်၊၊ မနက်(၄)နာရီလောက်မှာ၊ကင်ပွန်းစခန်းကို၊ရောက်သွားတော့၊ရေချိုး၊ထမင်းစားပြီး၊နားရ ပါတယ်၊၊
မနက်အစောကြီး(၆)နာရီလောက်မှာ တောင်ပေါ်တက်မဲ့ ကားဂိတ်ကို သွားပြီးတန်းစီရပါတယ်၊၊ ကျွန်မတို့အဖွဲ့တွေကလူများတော့ကားတွေမတူတော့ပါဖူး၊၊ ရသေ့တောင်မှာ၊ လူပြန်စုမယ်လို့၊ ချိန်းထားကြပါ တယ်၊၊ လမ်းမှာတောင်ကမတ်စောက်တော့ဖြေးဖြေးချင်းမောင်းပြီးတက်ရပါတယ်၊။ကားမောင်းသမားတွေရဲ့ ကားမောင်းကျွမ်းကျင်မှုကချီးကျူးစရာပါ၊ကျွန်ဘေးကိုတောင်သိပ်မကြည့်ရဲပါဖူး၊၊ ဘေးမှာချောက်တွေချည်းပဲ မို့ပါ၊၊ ကားလမ်းကလည်း၊ တောင်ကိုပတ်ဖေါက်ထားတာ၊ ကျဉ်းကျဉ်းလေးပါ၊၊ အမြင့်ကိုရောက်လာလေလေ ကားလမ်းဘေးဝဲယာမှာ၊မြူတွေဆိုင်းနေတာ အရမ်းကြည့်လို့ကောင်းပါတယ်၊၊ ကျွန်မကတော့ ကြောက်ကြောက် နှင့် ဘုရားစာရွတ်နေတာ ရှုခင်းကိုအပြည့်အ၀ မခံစားနိုင်ပါဖူး၊၊ အဲလိုနှင့် ရသေ့တောင် ကနေ တောင်ပေါ်ကို ကားဆက်စီးလို့ရပေမဲ့မစီးပဲ၊လမ်းဆက်လျှောက်ကြတာပါ၊၊လမ်းမှာထမ်းစင်တွေနှင့်တက်ကြတဲ့ ၊အဘိုး၊ အဘွား တွေ၊ကလေးတွေ၊နိုင်ငံခြားသားတွေကို၊တွေ့ရပါတယ်၊၊ကျွန်မကတော့ မောပီးမတက်နိုင်လို့ နောက်ဆုံးမှပဲ တောင်ပေါ်ကိုရောက်ပါတယ်၊၊ တောင်ပေါ်ရောက်တော့၊ ကျွန်မတို့တည်းခိုမဲ့ဟိုတယ်ကို၊ အရင်သွားပါတယ်၊၊ ဟိုတယ်ပေါ်ကနေ တောင်အောက်က ကားပတ်လမ်းကိုကြည်ပြီး၊ ငါတို့လာခဲ့တဲ့လမ်းလေးပါလားလို့ ၀ိုင်းပြီး စကားထိုင်ပြောကြရင် အမောဖြေကြပါတယ်၊၊ပြီးတော့ ကျွန်မတိုတွေ့(၅)ယောက်၊ တစ်ခန်းအိပ်ကြပါတယ်၊၊ ဟိုတယ်တွေက၊လူပြည့်နေတော့(၂)ယောက်ခန်းကို၊ (၅)ယောက်ထည့်ထားတာပါ၊၊ အရမ်းချမ်းတယ်ဆိုတော့ အဆင်ပြေပါတယ်၊၊ ဒါတောင်ကျွန်မတို့အဖွဲ့တွေ၊ဟိုတယ်မှာတစ်ညပဲရပါတယ်၊၊ နောက်ရက်မှာ ဘုရားရင်ပြင် တော် ပေါ်က၊တိဿဆောင်မှာ၊ပြောင်းပြီးတည်းကြပါတယ်၊၊တည်ခိုခန်း၊မရတဲ့လူတွေဆို ဘုရားရင်ပြင်တော်ပေါ် မှာ ဖျာငှားပြီး အိပ်ရပါတယ်၊၊ ညဖက်ဆို ရွှေပြားကပ်တဲ့လူတွေနှင့် အိပ်နေတဲ့လူတွေနှင့် လမ်းလျှောက်ဖို့တောင် မလွယ်အောင် စည်ကားနေပါတယ်၊၊ ညမှောင်မှောင်မှာ ဘယ်နေရာပဲကြည့်ကြည့် မီးရောင်အစုအစုလေးတွေ နှင့်မြင်ကွင်းက အရမ်းကိုလှပနေပါတယ်၊၊ လေတဖြူးဖြူးနှင့် တရားထိုင်ရတာ အရမ်းကိုအေးချမ်းပါတယ်၊၊ နေ့လည်ဖက်ဆို ကျွန်မတို့ကျိုက်ထီးရိုးတောင်ဘေးက ဘုရားစုံကိုလမ်းလျှောက်ပီး လျှောက်လည်ကြပါတယ်၊၊ အရမ်းပင်ပန်းပေမဲ့ အဖွဲ့လိုက် တစ်ယောက်ကို တစ်ယောက်အကူအညီပေးပြီးသွားရတာ အရမ်းကိုပျော်ဖို့ ကောင်းပါတယ်၊၊ အပြန်မှာတောင်ပေါ်ကနေ တောင်အောက်ဆုံးအထိ တောထဲကနေလမ်းလျှောက်ပီး ပြန်ခဲ့ကြ ပါတယ်၊၊ ကျွန်မလမ်းမလျှောက်နိုင်တော့လို့၊ ကျွန်မသူငယ်ချင်းတွေက တရွတ်တိုက်ဆွဲပြီး ခေါ်ခဲ့ကြပါတယ်။ ကျွန်မလိုစိတ်သာရှိပြီး တကယ်တန်းခရီးသွားတဲ့အခါ မလိုက်နိုင်တဲ့သူကို ၀ိုင်းဝန်းပြီးရောက်အောင်ခေါ်ခဲ့ကြတဲ့ ကျွန်မသူငယ်ချင်းတွေရဲ့ ကျေးဇူးတွေကို ကျွန်မ ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ပါဖူးရှင်၊၊

Thursday 7 December 2006

မိတ်ဆက်

ဘာရေးရရင်ကောင်းမလဲ၊၊
ကျွန်မ အင်တာနက်မှာ ကျွန်မသူငယ်ချင်းတွေရေးတဲ့ ဘလော့တွေ ဖတ်ပြီး အားကျလာတယ်၊၊ ကျွန်မလဲ စာတွေရေးချင်လိုက်တာ၊၊ ဒါပေမဲ့ ကျွန်မဇော်၈ျီဖောင့်ကို ကျွန်မရဲ့ ဘလော့မှာဘယ်လို သုံးရမယ်ဆိုတာ မသိလို့ ရှာနေတာနှင့် တော်တော်ကြာသွားတယ်၊၊ ကိုရိုးကိုလဲ တစ်ခါမှမသိပဲ မိတ်မဆက်မိပဲ၊ အကူအညီ တောင်းမိပါတယ်၊ ကျေးဇူးအထူးတင်ပါတယ် ကိုရိုးရေ၊၊ဒါဟာလဲ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခု ထင်ပါရဲ့၊၊
ကျွန်မက ကိုကလိုစေးထူးတို့လိုလည်း ၊ ရေးစရာအတွေ့အကြုံလည်းမရှိ၊ မမေဓါဝီတို့လိုလဲ ကဗျာလေးတွေ မရေးတတ်ပါဖူး၊ တခါမှလည်း မရေးဖူးပါဖူး၊၊ သူများရေးသမျှစာတွေ အားလုံးကိုတော့ ဖတ်တတ်၊ နားလည်ခံစားတတ်ပါတယ်၊၊
တကယ်လို့များ ကျွန်မ ဘလော့ လေးတွေ ဖတ်လို့ မကောင်းခဲ့ရင် ကျွန်မရဲ့ ညံ့ဖျင်းမှုကို နားလည်၊ပေးကြပါလို့ ကြိုတင်တောင်းပန်ပါရစေ၊၊
အားလုံးသော မိတ်ဆွေများ အေးချမ်းပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်၊၊

ကျွန်မ နှင့် ကျွန်မချစ်သောဖေဖေနှင့်မေမေ

မိသားစုတိုင်းမှာ ပြသနာ မဟုတ်တဲ့ ပြသနာလေးတွေ ရှိကြမှာပါ၊၊ ကျွန်မတို့ မိသားစုလေး အကြောင်းကို ဖတ်ပြီးရင် အတွေးတစုံတရာ ရခဲ့မယ်ဆိုရင် ကျွန်မကျေနပ်မှာပါ၊။ ကျွန်မအနေနှင့်က ဒါတွေက ကျွန်မဘ၀နှင့် ရင်းပီး ခံစားလာခဲ့ရတဲ့ အသိလေးတွေပါ၊၊
ငယ်ငယ်ကတော့ ဖေဖေကို ပိုချစ်တယ်လို့ ထင်ခဲ့ပါတယ်၊၊ ဘာလို့လဲ ဆိုတော့ ဖေဖေက သိပ်မရိုက်ခဲ့လို့ပါပဲ၊၊
ကျွန်မဘ၀မှာ ဖေဖေရိုက်ဖူးတာ နှစ်ခါပဲရှိပါတယ်၊၊ သတိရတိုင်းဖေဖေ့ကို ပြန်ပြောမိတာ ဖေဖေစိတ်မကောင်း ဖြစ်ပြီး မျက်ရည်လည်တာကို ကျွန်မတွေ့ခဲ့ဖူးပါတယ်၊၊ ငယ်ငယ်ကတော့ ဖေဖေ အဲလိုခံစားရတာတွေရင် ကျွန်မကျေနပ်ခဲ့ပါတယ်၊။ ဖေဖေတယောက်တော့ သူ့အချစ်ဆုံးသမီးကို ရိုက်ခဲ့မိတာ နောင်တရနေပီလို့ပေါ့၊၊ ဘာလို့လဲဆိုတော့ ကျွန်မကလေ မိဘနှင့်သားသမီးကြားမှာ ရိုက်ပြီးဆုံးမတာကို အရမ်းမုန်းခဲ့မိလို့ပါ၊၊
ပထမဆုံးအကြိမ် ဖေဖေရိုက်တာကတော့ ကျူရှင်ဆရာမကြောင့်ပါ၊။ ဆရာမက အရမ်းအရိုက်ကြမ်းပါတယ်၊၊ စာမရရင် ကိုယ်တုံးလုံးချွတ်ပီး ရိုက်တတ်ပါတယ်၊၊ ကျွန်မက အဲဒီဆရာမကို လမ်းမှာတွေ့ရင် ထွက်ပြေး တတ်ပါတယ်၊၊ နှုတ်မဆက်ရဲလို့ပါ၊၊
အဲဒီနေ့က ဖေဖေရုံးသွားဖို့ နီးနေတဲ့အချိန် ကျွန်မက ကျူရှင်မှာ ကျောင်းစာအုပ်ကျန်ခဲ့လို့ ဖေဖေ့ကို လိုက်ပို့ခိုင်းပါတယ်၊၊ ဖေဖေက ကျူရှင်အပြင်ကနေ စောင့်ပေးပါတယ်၊၊ ကျွန်မလဲ ကြောက်ကြောက်နှင့် ဆရာမ၊ စာအုပ်ကျန်ခဲ့လို့ပါဆိုတော့ ၊နေ့လည်စာချက်ရင်း အလုပ်ရှုပ်နေတဲ့ ဆရာမက မိဘတွေကအသုံးမကျဖူး၊၊ ကိုယ်သားသမီးကိုဂရုမစိုက်ဖူး၊ ဘာပဲဖြစ်ဖြစ်ဆရာမပဲလို့ပြောပြီး ရှာပေးပါတယ်၊။ အဲဒီစကားကိုကြားသွားတဲ့ ဖေဖေက ကျွန်မကြောင့် သူအရှက်ကွဲရတယ်ဆိုပြီး ရုံးကို မသွားတော့ပဲ ပေတံ(၃)ချောင်းကျိုးသွားတဲ့အထိ ရိုက်ပါတယ်၊။ပြီးတော့ ဒေါသမပြေသေးလို့ တမြက်စည်းနှင့် ဆက်ပီး ရိုက်ပါတယ်၊၊ သူဒေါသပြေမှပဲ ရုံးသွားပါတယ်၊၊ ညနေရုံးကပြန်လာမှ ဖေဖေက မုန့်ဖိုး(၇၅)ပြားပေးပီး ပြန်ချော့ပါတယ်၊၊ အဲဒီအချိန်ကကျွန်မရတဲ့မုန့်ဖိုးက(၂၅)ပြားပါ၊။ ဖေဖေလဲ ဒေါသပြေတော့ စိတ်မကောင်းတော့ ပြန်ချော့တာပေါ့၊၊ဒါပေမဲ့ ဒီအဖြစ်အပျက်ဟာ ကျွန်မဘ၀ရဲ့ ဒဏ်ရာတစ်ခု ဖြစ်ခဲ့တာ ဘယ်သူမှ မသိခဲ့ပါဖူး၊၊
ပြန်စဉ်းစားကြည့်တော့ ကျွန်မ သတိမေ့ပီး စာအုပ်ကျန်ခဲ့တာ၊ အကြောက်လွန်ပီး မသွားရဲတာက ပထမ ပြသနာပါ၊၊ ဖေဖေကလည်းရုံးကို အချိန်မီသွားဖို့အချိန်မှာ ကျွန်မကဖေဖေကို ဂျီကျမိတာကိုး၊ ဆရာမတွေက လည်း မနက်ဖက် ထမင်းချက်နေတဲ့အချိန်၊ အလုပ်ရှုပ်ဆုံးအချိန်မှာ ကျွန်မကရောက်သွားတော့ သူတို့်လည်း စိတ်တိုပီး ကျွန်မဖေဖေ ပါလာတာကို မသိပဲ ပြောမိတာနေမှာပါ၊၊ အဓိက တရားခံကတော့ သတိ ပါပဲ၊၊
တကယ်တော့ ကျွန်မဟာ ဖေဖေရိုက်တာတွေ အသေးစိတ်မှတ်မိနေပေမဲ့ မေမေရိုက်တာတွေကိုတော့ မမှတ်မိပါဖူး၊၊ များလွန်းလို့ပါ၊၊
ကျွန်မဟာ အိမ်မှာအကြီးဆုံးဖြစ်ပြီး၊ ခေါင်းအမာဆုံး ၊ မေမေ့ရဲ့ အရိုက်ကို အခံရဆုံးလူတယောက်ပါ၊၊ ကျွန်မမေမေက ဒေါသ အရမ်းကြီးတတ်ပါတယ်၊၊ ဒေါသထွက်ရင် ဘာမှရှင်းပြတာကို လက်မခံပဲ ရိုက်တတ် ပါတယ်၊၊ ကျွန်မအောက်က အငယ်တွေဘာပဲလုပ်လုပ် တစ်ခုခုမှားခဲ့ပြီဆိုရင် ကျွန်မက အကြီးအဆုံး အနေနှင့် တာဝန်မကျေဖူးဆိုပြီး အရိုက်ခံရတာက များပါတယ်၊၊ ကျွန်မကလည်း ကျွန်မမှန်တယ်လို့ ထင်ရင် ကျွန်မပြောချင်တဲ့၊ ရှင်းပြချင်တဲ့ စကားတွေ ကို ပြောလို့မပြီးမချင်း ၊ မေမေ့ အရိုက်ကို ခံပြီးပြောခဲ့ပါတယ်၊၊ မေမေက ကျွန်မရဲ့ ခေါင်းမာမှုတွေကိုချွတ်မယ်ဆိုပီးရိုက်လိုက်တာမေမေမောသွားပြီး လက်လျော့သွားပါတယ်၊၊ အဲလိုအချိန်တိုင်းမှာ ဖေဖေဟာ ကျွန်မနှင့်မေမေကြားမှာ အမြဲရပ်တည်ပေးခဲ့ပါတယ်၊၊ မေမေရိုက်တိုင်း ကျွန်မ ထွက်မပြေးရင်တောင် ဖေဖေက ရှေ့ကနေ အရိုက်ခံပေးခဲ့ပါတယ်၊၊ ကျွန်မက ရိုက်ရင်ငိုလေ့ငိုထ မရှိပါဖူး၊၊ အဘွားကပဲ ဖြစ်ဖြစ် ၊ ဖေဖေကပဲ ဖြစ်ဖြစ် လာပြီး သမီး ဘယ်နားနာသွားလဲ မေးမှ ငိုတတ်တာပါ၊၊ တကယ်လို့မှား မမေးခဲ့ရင် ကျွန်မဘယ်လောက်ကြာကြာ မျက်ရည်ကျလေ့မရှိပါဖူး၊။ ကျွန်မကိုမေမေရိုက်ပြီး တိုင်း ကျွန်မဟာ သူများရှာမတွေတဲ့ချောင်လေးတစ်ခုကို ရှာပြီးပုန်းနေတတ်ပါတယ်၊၊ ကျွန်မကို လိုက်ရှာမတွေ့တာကို ကြည့်ပြီး ကျွန်မပျော်နေတတ်ပါတယ်၊၊ အဲလိုနဲ့ ကျွန်မ အိပ်ပျော်သွားပြီး ဖေဖေလာချီတဲ့ အချိန်ထိ ကျွန်မစောင့်နေလေရှိပါတယ်၊၊ တကယ်တော့ ဖေဖေက ကျွန်မစိတ်ကို နားလည်စွာနှင့် ကျွန်မကို ဒီလိုအချိန်ချော့လိုမရဖူးဆိုတာ သိပြီး ကျွန်မ အိပ်မှ လာခေါ်တာ ကျွန်မခုမှပဲ နားလည်တော့တယ်၊၊ သြော် ကျွန်မတော်တော်ဆိုးခဲ့ပါလားလို့လေ၊၊ ကျွန်မငယ်ငယ်ကအကြောင်းတွေ ပြန်စဉ်းစားပြီးတော့ မေမေကို အပြစ်တင်တာတော့ မဟုတ်ပေမဲ့ မိဘနှင့် သားသမီးကြားမှာ နားလည်မှု ဆိုတာ အရမ်းအရေးကြီးတာကို နားလည်လိုက်ရပါတယ်၊၊ တကယ်လို့များ မေမေသာကျွန်မရှင်းပြတာကိုနားထောင်ပေးရင်၊ ကျွန်မလို ခေါင်းမာတတ်တဲ့ လူတယောက်ရဲ့စရိုက်ကို ဖေဖေလို နားလည်ပေးပြီး ဆက်ဆံပေးခဲ့ရင် ကျွန်မ ရဲ့ငယ်ဘ၀ မှာ စိတ်ဒဏ်ရာဒဏ်ချက်တွေ မရှိတော့ဖူးလို့ ကျွန်မယူဆမိပါတယ်၊၊ ကျွန်မဖက်ကလည်း မေမေကို နားလည်ပေးမှု တစ်ခု လည်းလိုမှာပါ၊၊ ကျွန်မဖေဖေက အစိုးရ၀န်ထမ်းအရာရှိတစ်ဦးဖြစ်ပေမဲ့ ဖေဖေ လစာမလောက်လို့ မေမေကနေတိုင်းဈေးရောင်းပီး တဖက်တလမ်းကနေ အိမ်စာရိတ်ကို ရှာပေးရတာပါ၊၊ ကျွန်မကတော့ ကလေးပီပီ မေမေ မိသားစု အတွက် ဘယ်လောက်ထိ ပင်းပန်းမယ်ဆိုတာကို တခါမှ မစဉ်းစားပေးခဲ့ပါဖူး၊၊ မေမေအရမ်းမောပြီး၊အရမ်းပင်ပန်းနေခဲ့တဲ့အချိန်မှာ၊ကျွန်မကပြန်ပြောမိတော့၊မေမေစိတ်ကို နားမလည် ပေးခဲ့တာကို ခုအချိန်မှာ ပြန်စဉ်းစားပြီး အရမ်းနောင်တ ရမိပါတယ်၊၊
မေမေကျွန်မကို အကြီးအကျယ်ရိုက်ခဲ့တာ ကျွန်မ (၅)တန်းတုန်းကပါ၊၊ ကျွန်မတို့မိသားစုမှ ကျွန်မတို့ မောင်နှစ်မ လေးယောက်ရယ်၊ အဘွားရယ်၊ ဖေဖေ ၊မေမေ အားလုံး (၇)ယောက်ပါ၊၊ ကျွန်မတို့အိမ်က လေယဉ်ကွင်းနှင့်နီးပါတယ်၊၊လေဆိပ်အလွန်မှာတောတွေရှိပါတယ်၊၊အဲဒီတောထဲမှာ ရွာလေးတစ်ရွာရှိပါတယ်၊၊ အိမ်တအိမ်နှင့်တစ်အိမ်မမြင်ရပါဖူး၊၊ ခြုံတွေနှင့် အုံ့ဆိုင်းနေတာပါ၊၊ အဲဒီရွာမှာ မေမေ့ဆိုင်ရှေ့မှာပန်းပင် လာရောင်းတဲ့ မိသားစုတွေနေပါတယ်၊၊ ကျွန်မတို့ မောင်နှစ်မတွေ တစ်ခါတော့ အလည်ခေါ်သွားလို့ ရောက်ဖူးပါတယ်၊၊ ယာထဲမှာ သခွါးသီး၊ မရမ်းပင်၊ ဘဲငန်းတွေ အခြားအသီးအနှံတွေ အများကြီးလဲရှိပါတယ်၊၊ ကျွန်မတို့ မောင်နှစ်မတွေ အဲဒီနေရာရောက်ရင် အရမ်းပျော်ပါတယ်၊၊
အဲဒီအချိန်က မောင်လေး အငယ်ဆုံးက လမ်းလျှောက်တတ်ခါစပါ၊၊ ရုံးပိတ်ရက်၊ ဈေးပိတ်ရက် ဖြစ်တော့ မေမေက ကလေးထိန်းရင်း ဆော့နေပါလို့ ပြောပါတယ်၊၊ သူကတော့ အိမ်အလုပ်တွေလုပ်နေတာပဲ၊၊ ကျွန်မတို့တွေ လမ်းလျှောက်ရင်း လျှောက်ရင်းနဲ့ အိမ်နှင့်တော်တော်ဝေးလာပါတယ်၊၊ လေယဉ်ကွင်းနှင့်လဲ နီးလာပါတယ်၊၊ ကျွန်မညီမအကြီးနှင့်မောင်လေး အကြီးက တောထဲကမိသားစုဆီရောက်အောင် သွားကြစို့လို့ ကျွန်မကိုပြောပါတယ်၊၊ ကျွန်မလည်း မေမေ ရိုက်မယ်လို့ ပြောပီးငြင်းပါတယ်၊၊ ဒါပေမဲ့ သူတို့ (၂)ခါမပြောရပါဖူး၊၊ ကျွန်မကိုယ်တိုင်ကလည်း သွားချင်နေတော့ သွားကြစို့လို့ပြောပီး လူမရှိတဲ့တောတဲ့ ရောက်အောင်သွားကြပါတယ်၊၊ လမ်းမှာ လူတောင်မတွေ့ပါဖူး၊၊ ကျွန်မတို့ မောင်နှစ်မတွေ ရောက်သွားတော့ ဟိုအိမ်ကလူတွေ အံ့သြသွားပြီး ကျွန်မတို့ကို ထမင်းကျွေးပီး ပြန်လိုက်ပို့ပေး မယ်လို့ ပြောပါတယ်၊၊ သူတို့တွေ ဘဲငန်းဥတွေကြော်ပြီး ထမင်းခူးနေတဲ့အချိန်မှာ မေမေဆိုင်ကယ်နှင့် ရောက်လာပါတယ်။ ကျွန်မတို့တွေ ပျောက်လို့ မြိတ်မြို့  တမြို့လုံး အော်ပီး ရှာပီးပီလို့ ပြောပါတယ်၊၊ နောက်မှ စဉ်းစားမိလို့ ဒီကိုရောက်လာတာလို့ပြောပြီး ကျွန်မတို့ မောင်နှစ်မလေးယောက်လုံးကို အိမ်ကို ပြန်ခေါ်လာပါတယ်၊၊ အိမ်ရောက်တော့ မေမေက ကျွန်မကိုတိုင်မှာ ကြိုးတုတ်ပီးရိုက်ပါတယ်၊၊ အိမ်ဘေးနားက အဘွားကြီးတယောက်ကလဲပြောပါတယ်၊၊ အကြီးဆုံးအသုံးမကျတာ အကြီးကိုပဲရိုက်တဲ့၊၊ ကျွန်မ အဲဒီ အဘွားကြီးကိုအရမ်းမုန်းခဲ့ပါတယ်၊၊မေမေကိုလည်းစိတ်နာပါတယ်၊၊သွားတာ(၄)ယောက်ကိုကျွန်မကိုပဲရိုက်လို့လေ၊၊၊
ပီးတော့ အကြီးဆုံး၊ နင့်မှာ တာဝန်အရှိဆုံးဆိုတဲ့စကားကြီးကိုလည်း မုန်းမိပါတယ်၊၊ ခုမှသိရတာကတော့ အဲဒီတောထဲမှာ လူတွေသတ်ပီးထားနေကြလို့ ပြောပါတယ်၊၊ ကျွန်မတို့ မောင်နှစ်မတွေက ကလေးတွေပီပီ ဘာမှ မစဥ်းစားမိပဲ သွားခဲ့ကြတာကိုး၊၊ မေမေလည်း စိတ်ပူလွန်းလို့ ရိုက်မိတာနေမှာပါ၊၊
ဒါပေမဲ့ လူကြီးတွေက အဲဒီအချိန်က ရိုက်ပီး ဆုံးမမှ လိမ်မာမယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားကြတာကို ကျွန်မလက်မခံနိုင်လွန်းလို့ မေမေရိုက်တိုင်း ထွက်မပြေးပဲ ရပ်နေခဲ့ပါတယ်၊၊ ကျွန်မအောက်က အငယ်တွေဆို မေမေရိုက်ရင် အိမ်ကို ပတ်ပြေးလွန်းလို့ ကြာလာတော့ မေမေလိုက်ရင်းနှင့် မောပီး၊ မလိုက်နိုင်တော့လို့ အရိုက်မခံရတတ်ပါဖူး၊၊နောက်ဆုံး မေမေက သူနှင့် ကလေးတွေ စိန်ပြေးတမ်း ကစားသလို ဖြစ်နေတယ်ဆိုပီး မရိုက်တတ်ပါဖူး၊၊ ခေါင်းမာလွန်းတဲ့ ကျွန်မကတော့ မေမေရိုက်တော့မယ်ဆိုရင် ရိုက်ပါမေမေ၊၊ မေမေမွေးထားတာပဲလို့ စကားနာ ထိုးပြီး လက်ပိုက်ရပ်နေလေ့ရှိပါတယ်၊။ ကဲ ကျွန်မလို မဆိုးကြနဲ့နော်၊၊ တကယ်လိုများ၊မိဘဆိုတဲ့နေရာရောက်လာခဲ့ရင်။ကိုယ်သမီးရဲ့စိတ်ကိုလေ့လာပြီးမှ ထိန်းကြောင်းပေးနိုင်မယ် ဆိုရင်တော့ကျွန်မလို၈ျစ်ကန်ကန်နှင့်ခေါင်းမာတတ်တဲ့၊လုပ်ချင်ရာလုပ်တတ်တဲ့၊ကလေးတယောက်လျော့သွား မယ် လို့ ယူဆမိပါရဲ့၊၊ ကျွန်မကြားဖူးတာကတော့ သားသမီးဆိုတာ၊ ပန်းပုထုသလိုပဲတဲ့၊၊ မိဘ ပုံသွင်းနိုင်ရင် သွင်းနိုင်သလိုပဲတဲ့၊ တစ်နေ့ကြရင် ကျွန်မဟာမိဘဆိုတဲ့နေရာတစ်ခုကိုေ၇ာက်ရင်ရော၊၊ ကျွန်မလုပ်နိုင် ပါ့မလား၊၊ ကျွန်မနှင် ထပ်တူတဲ့ သမီးမျိုး ကျွန်မမွေးလာခဲ့ရင် ကျွန်မ ဘယ်လိုခံစားရမလဲ၊၊ ကျွန်မလို့မျိုး မခံစားရအောင် ကျွန်မလုပ်နိုင်ပါ့မလားဆိုတာ စိုးရိမ်မိပါ၇ဲ့၊၊ ဘာလို့လဲဆိုတော့ လူ့ဘ၀ဆိုတာ အရမ်း ရှုပ်ထွေးပြီး ကြမ်းတမ်းတယ်လို့ ကျွန်မခံစားနေမိလို့ပါပဲ၊၊
အားလုံးပဲ သာယာ အေးချမ်းတဲ့ မိသားစုဘ၀လေးကို တည်ထောင်နိုင်ကြပါစေ၊၊