ကျွန်မအရင်ကခရီး၊သိပ်မထွက်ဖြစ်ပါဖူး၊။အိမ်ကဘယ်မှမလွတ်လို့ပါ၊၊ခုနောက်ပိုင်း၊ရုံးမှာအလုပ်လုပ်တဲ့၊အချိန် က စပြီး၊အဖွဲ့အစည်းနှင့် လေ့လာရေးခရီးတွေ သွားရပါတယ်၊။ ပထမဆုံးအကြိမ် ရုံးနှင့်သွားတဲ့ခရီးက ဖျာပုံမြို့ အလွန၊်ကုလားထိပ်ရွာက၊ပင်လယ်ဝမှာရှိတဲ့ဖိုင်ဘာကေဘဲလ်ကို၊သွားရောက်လေ့လာတဲ့ ခရီးကနေစခဲ့တာပါ၊၊ အဲဒီဖိုင်ဘာကေဘဲလ်က၊ ပင်လယ်အောက်ကနေ၊ မြန်မာနိုင်ငံတွင်းကို၊ စတင်ဝင်လာတဲ့နေရာလေးကို သွားရောက်လေ့လာခဲ့တာ၊ဖြစ်ပါတယ်၊၊အဲဒီတုန်းက၊ကျွန်မတို့စီးတဲ့ကား၊မိုးတွင်းဆိုတော့လမ်းချော်ပီး၊ကံကောင်း လို့ ချောက်ထဲထိုးမကျတာ၊ လမ်းဘေးက လမ်းတားထားတဲ့ အုတ်တိုင်ခိုင်နေလို့ မကျတာပါ၊၊ ဖျာပုံအိပ်ချိန်းမှာ တညတည်းပြီး၊ ပင်လယ်ဝကို လှေစီးပီး ခရီးဆက်ခဲ့ကြပါတယ်၊၊ ကျွန်မကတော့ ရေမကူးတတ်ပဲနဲ့ လှေဦးမှာ ထိုင်ပြီး ပတ်ဝန်းကျင်ကို လေ့လာပြီးလိုက်လာရတာ အရမ်းပျော်ပါတယ်၊၊ မြစ်ကမ်းနားမှာ အိမ်တွေဆောက်ပြီး ရေလုပ်ငန်းလုပ်ကိုင်ရင်း အသက်မွေးကြတဲ့ လူတွေကို မြင်ခဲ့ရပါတယ်၊၊ သူတို့ဆို ရေပေါ်မှာပဲ လှေကလေးတွေ နှင့်သွားလာလှုပ်ရှားကြပါတယ်၊၊၀ါးဖောင်တွေရေပေါ်မှာ၊ထိုးထားပြီးငါးခြောက်တွေလှမ်းထားတာတွေ့ရပါတယ်၊၊ ကျွန်မအတွက်တော့၊မြင်မြင်သမျှဟာ၊အထူးအဆန်းချည်းပါပဲ၊၊ကျွန်မကရေရှားတဲ့၊ အညာဒေသက လာတဲ့လူ ဆိုတော့လေ၊၊ ပင်လယ်ဝရောက်တော့ ကမ်းကိုမမြင်ရတော့ပဲ ကြည်လင်နေတဲ့ ပင်လယ်ရေစိမ်းစိမ်းလေ တွေကိုမြင်ရတာ၊ကိုင်ကြည့်ရတာအရမ်းကိုပျော်ရွှင်မိပါတယ်၊တယ်လီဖုန်းအိတ်ချိန်းတွေကိုလဲ လေ့လာခဲ့ကြ ပါတယ်၊၊ အပြန်မှာဖျာပုံဈေးထဲကနေ ပုဇွန်ခြောက်၊ငါးပိ၊ ငါးခြောက်တွေဝယ်ပြီးပြန်ခဲ့ပါတယ်၊၊ဒီခရီးလေးကတော့ ကျွန်မအတွက် ပညာတွေရော ဒေသအတွေ့အကြုံတွေပါ အများကြီးရခဲ့ပါတယ်၊၊ဖျာပုံခရီးရဲ့ အမှတ်တရဓါတ်ပုံ တွေက ဒီမှာ ပါရှင်၊၊
ဒုတိယအကြိမ် သွားတဲ့ခရီးကတော့ ရုံးက သူငယ်ချင်းတွေနှင့် ကျိုက်ထီးရိုးတောင်ပေါ်ကို သွားခဲ့တဲ့ ခရီးပါ၊၊
အသွားမှာ၊ညဖက်၈နာရီကနေ၊စထွက်ရပါတယ်၊၊သူငယ်ချင်းတွေ၊အများကြီးဆိုတော့၊အရမ်းကိုပဲပျော်စရာ ကောင်းခဲ့ပါတယ်၊၊ မနက်(၄)နာရီလောက်မှာ၊ကင်ပွန်းစခန်းကို၊ရောက်သွားတော့၊ရေချိုး၊ထမင်းစားပြီး၊နားရ ပါတယ်၊၊ မနက်အစောကြီး(၆)နာရီလောက်မှာ တောင်ပေါ်တက်မဲ့ ကားဂိတ်ကို သွားပြီးတန်းစီရပါတယ်၊၊ ကျွန်မတို့အဖွဲ့တွေကလူများတော့ကားတွေမတူတော့ပါဖူး၊၊ ရသေ့တောင်မှာ၊ လူပြန်စုမယ်လို့၊ ချိန်းထားကြပါ တယ်၊၊ လမ်းမှာတောင်ကမတ်စောက်တော့ဖြေးဖြေးချင်းမောင်းပြီးတက်ရပါတယ်၊။ကားမောင်းသမားတွေရဲ့ ကားမောင်းကျွမ်းကျင်မှုကချီးကျူးစရာပါ၊ကျွန်ဘေးကိုတောင်သိပ်မကြည့်ရဲပါဖူး၊၊ ဘေးမှာချောက်တွေချည်းပဲ မို့ပါ၊၊ ကားလမ်းကလည်း၊ တောင်ကိုပတ်ဖေါက်ထားတာ၊ ကျဉ်းကျဉ်းလေးပါ၊၊ အမြင့်ကိုရောက်လာလေလေ ကားလမ်းဘေးဝဲယာမှာ၊မြူတွေဆိုင်းနေတာ အရမ်းကြည့်လို့ကောင်းပါတယ်၊၊ ကျွန်မကတော့ ကြောက်ကြောက် နှင့် ဘုရားစာရွတ်နေတာ ရှုခင်းကိုအပြည့်အ၀ မခံစားနိုင်ပါဖူး၊၊ အဲလိုနှင့် ရသေ့တောင် ကနေ တောင်ပေါ်ကို ကားဆက်စီးလို့ရပေမဲ့မစီးပဲ၊လမ်းဆက်လျှောက်ကြတာပါ၊၊လမ်းမှာထမ်းစင်တွေနှင့်တက်ကြတဲ့ ၊အဘိုး၊ အဘွား တွေ၊ကလေးတွေ၊နိုင်ငံခြားသားတွေကို၊တွေ့ရပါတယ်၊၊ကျွန်မကတော့ မောပီးမတက်နိုင်လို့ နောက်ဆုံးမှပဲ တောင်ပေါ်ကိုရောက်ပါတယ်၊၊ တောင်ပေါ်ရောက်တော့၊ ကျွန်မတို့တည်းခိုမဲ့ဟိုတယ်ကို၊ အရင်သွားပါတယ်၊၊ ဟိုတယ်ပေါ်ကနေ တောင်အောက်က ကားပတ်လမ်းကိုကြည်ပြီး၊ ငါတို့လာခဲ့တဲ့လမ်းလေးပါလားလို့ ၀ိုင်းပြီး စကားထိုင်ပြောကြရင် အမောဖြေကြပါတယ်၊၊ပြီးတော့ ကျွန်မတိုတွေ့(၅)ယောက်၊ တစ်ခန်းအိပ်ကြပါတယ်၊၊ ဟိုတယ်တွေက၊လူပြည့်နေတော့(၂)ယောက်ခန်းကို၊ (၅)ယောက်ထည့်ထားတာပါ၊၊ အရမ်းချမ်းတယ်ဆိုတော့ အဆင်ပြေပါတယ်၊၊ ဒါတောင်ကျွန်မတို့အဖွဲ့တွေ၊ဟိုတယ်မှာတစ်ညပဲရပါတယ်၊၊ နောက်ရက်မှာ ဘုရားရင်ပြင် တော် ပေါ်က၊တိဿဆောင်မှာ၊ပြောင်းပြီးတည်းကြပါတယ်၊၊တည်ခိုခန်း၊မရတဲ့လူတွေဆို ဘုရားရင်ပြင်တော်ပေါ် မှာ ဖျာငှားပြီး အိပ်ရပါတယ်၊၊ ညဖက်ဆို ရွှေပြားကပ်တဲ့လူတွေနှင့် အိပ်နေတဲ့လူတွေနှင့် လမ်းလျှောက်ဖို့တောင် မလွယ်အောင် စည်ကားနေပါတယ်၊၊ ညမှောင်မှောင်မှာ ဘယ်နေရာပဲကြည့်ကြည့် မီးရောင်အစုအစုလေးတွေ နှင့်မြင်ကွင်းက အရမ်းကိုလှပနေပါတယ်၊၊ လေတဖြူးဖြူးနှင့် တရားထိုင်ရတာ အရမ်းကိုအေးချမ်းပါတယ်၊၊ နေ့လည်ဖက်ဆို ကျွန်မတို့ကျိုက်ထီးရိုးတောင်ဘေးက ဘုရားစုံကိုလမ်းလျှောက်ပီး လျှောက်လည်ကြပါတယ်၊၊ အရမ်းပင်ပန်းပေမဲ့ အဖွဲ့လိုက် တစ်ယောက်ကို တစ်ယောက်အကူအညီပေးပြီးသွားရတာ အရမ်းကိုပျော်ဖို့ ကောင်းပါတယ်၊၊ အပြန်မှာတောင်ပေါ်ကနေ တောင်အောက်ဆုံးအထိ တောထဲကနေလမ်းလျှောက်ပီး ပြန်ခဲ့ကြ ပါတယ်၊၊ ကျွန်မလမ်းမလျှောက်နိုင်တော့လို့၊ ကျွန်မသူငယ်ချင်းတွေက တရွတ်တိုက်ဆွဲပြီး ခေါ်ခဲ့ကြပါတယ်။ ကျွန်မလိုစိတ်သာရှိပြီး တကယ်တန်းခရီးသွားတဲ့အခါ မလိုက်နိုင်တဲ့သူကို ၀ိုင်းဝန်းပြီးရောက်အောင်ခေါ်ခဲ့ကြတဲ့ ကျွန်မသူငယ်ချင်းတွေရဲ့ ကျေးဇူးတွေကို ကျွန်မ ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ပါဖူးရှင်၊၊

No comments:
Post a Comment