Friday 15 December 2006

အမှတ်တရစာပိုဒ်လေး

ဒီစာပိုဒ်လေးက ကျွန်မအတွက် ရီရမလို၊ ငိုပဲငိုလိုက်ရမလိုဖြစ်ခဲ့တဲ့ကဗျာလေးပါ၊၊ တိုက်ဆိုင်မှုဆိုတာလေးတွေ ရှိခဲ့ရင်ပေါ့လေ၊၊ ကျွန်မ အခု ညနေပိုင်း သင်တန်းတစ်ခုတက်နေပါတယ်၊၊ ကျွန်မအတွက် အခြေခံဗဟုသုတ လုံးဝမရှိခဲ့တဲ့ အကြောင်းအရာတွေမို့လို့ ဆရာစာရှင်းပြတိုင်းမှာ ကျွန်မချက်ချင်းနားမလည်ပါဖူး၊၊ အူကြောင်ကြောင် နှင့် ဆရာပြောသမျှ၊အသေမှတ်လေ့ရှိပါတယ်၊၊ ပြီးမှပဲ ကျွန်မသူငယ်ချင်းတွေကို တဆင့်ပြန်ရှင်းပြခိုင်းလေ့ရှိ ပါတယ်၊၊ အဲလိုနားမလည်လို့ ပြန်ရှင်းပြခိုင်းတိုင်းမှာ ကျွန်မသူငယ်ချင်းက ပြောပါတယ်၊၊ “ကောင်မလေး၊အတတနှင့် စာသင်ပေးတာ၊ ကောင်းကောင်းမသင်၊သနားလို့ စောင်ခြုံပေးတော့၊သေးပေါက်ချတယ်” လို့ပြောပါတယ်၊၊ အဲလို ပြောတော့ ကျွန်မအရမ်းရှက်တာပေါ့၊၊ ငါစာနားမလည်တာကိုလှောင်တယ်ပေါ့လေဆိုပီးတော့လေ၊၊ ကျွန်မစာမေး မိတိုင်း သူအမြဲပြောပါတယ်၊၊ မနေ့ကတော့ ဆရာလည်းစာသင်ပြီးရော ကျွန်မနားမလည်တာကို သိနေတဲ့ သူငယ်ချင်းက “နင်ရေချိုးလာရဲ့လား၊နင့်ဆီက သေးစော်နံတယ်တဲ့၊ သေးများပေါက်ချထားလား”တဲ့ ကျွန်မကို မေးပြန်ပါတယ်၊၊ ကျွန်မလဲ စိတ်က ခပ်ချဉ်ချဉ်ဖြစ်နေတော့ “ရေမချိုးခဲ့ဖူး ၊ သေးတွေလည်းပေါက်ချထားတယ်” လို့ ပြန်ပြောလိုက်ပါတယ်၊၊ နင်အရမ်းညစ်ပတ်တာပဲ ဆိုပြီး ကျွန်မ ကို သူဆိုနေကျ ကဗျာကို ရွတ်ပြပြန်ပါတယ်၊၊ ဒီတချိန်မှာတော့ ကျွန်မလည်း သီးမခံတော့ပဲ “ခင်ဗျား၊ ဘာဖြစ်နေလဲ၊ စာနားမလည်လို့ ပြန်ရှင်းခိုင်းတာ ဒီလိုနှိမ်ရလား၊၊ ဒီလို စိတ်နှင့်ဆို ခင်ဗျား နောင်ဘ၀၊ဒီလောက်တောင် စာတော်မှာ မဟုတ်ဖူး ”လို့ ပြန်အော်လိုက်ပါတယ်၊၊ သူလည်းခဏ ငြိမ်သွားပြီး ၊ ကျွန်မကို ပရိုဂရမ် အသစ်တစ်မျိုးရေးပြီး ပြန်ရှင်းပြပါတယ်၊၊
ပြီးတော့မှ သူတို့ ငယ်ငယ်က ကျောင်းမှာ သူများမခံချင်အောင်စခဲ့တဲ့ စာပိုဒ်လေးတစ်ပုဒ်ဖြစ်ကြောင်း ပြောပြ ပါတယ်၊၊ စာပိုဒ် အစအဆုံးကတော့ ဒီလိုပါ၊၊
“ ကောင်မလေး၊ အတတ နှင့် စာသင်ပေးတော့လဲ ၊ ကောင်းကောင်းမသင်၊ မုန့်ဖိုးပေးတော့လဲ၊ ဖျောက်ပစ်တယ်၊ သနားလို့ စောင်ခြုံပေးတော့လဲ၊ သေးပေါက်ချတယ်” တဲ့၊၊
ကဲ အားလုံးပဲ တိုက်ဆိုင်မှုရှိရင် ပြုံးနိုင်ကြပါစေ၊၊ ကျွန်မ အတွက်တော့ အရမ်းတိုက်ဆိုင်ခဲ့လို့ စဉ်းစားမိတိုင်း ကျွန်မ မရီဖြစ်ရင်တောင် ပြုံးမိပါတယ်၊၊

1 comment:

မေဓာဝီ said...

လာလည်သွားပါတယ် ညီမလေးရေ …
ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေး ဖြစ်ပါစေ ..