Friday, 29 December 2006

ကျွန်မ ချစ်သော ဘွားဘွားကြီး

ကျွန်မ ဘွားဘွားကြီး ကို အရမ်းချစ်ပါတယ်၊၊ ဘွားဘွားကြီး ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင်ပါ၊ဘွားဘွားကြီးဟာ မေမေ့ရဲ့ အဒေါ်အပျိုကြီးပါ၊။ မေမေတို့ ငယ်ငယ်က မြို့သစ်မြို့နယ်က ဆားတဲဆိုတဲ့ ရွာလေးမှာနေပါတယ်၊၊ ကျွန်မမေမေ ကျောင်းစထားတဲ့ အရွယ်ကစပြီး ၊ သူတူမလေးကို သူလိုစာမတတ်မှာစိုးလို့ ဆိုပီး မြိုမှာ အိမ် တစ်လုံးဝယ်ပေးပါလို့ မိဘတွေကို ပူဆာပီး တောင်တွင်းကြီးမြို့ပေါ်မှာ တူဝရီးနှစ်ယောက်ထဲနှင့် ဘ၀တစ်ခု စပီးတည်ထောင်ခဲ့တာပါ၊၊ ဒါပေမဲ့ မေမေက (၁၀) တန်းထိပဲအောင်ခဲ့ပါတယ်၊၊နောက်ပိုင်း မေမေ အိမ်ထောင်ကျတော့လည်း မေမေနှင့်တူတူ မြတ်မြို့ထိ လိုက်နေခဲ့ပါတယ်၊၊
ဘွားဘွားကြီးက ငယ်ငယ်က စာအရမ်းသင်ချင်ပါတယ်၊ဒါပေမဲ့ ရှေးလူကြီးတွေရဲ့ ထုံးစံအတိုင်း
မိန်ကလေး သေစာရှင်စာတတ်ရင်တော်ပိ ဆိုပီး ကျောင်းမထားပေးလို့ သူစာမသင် ခဲ့ရတဲ့ အကြောင်းတွေ ပြောပြီး စာကြိုးစားခိုင်းပါတယ်၊၊ ကျွန်မတို့ စာကျက်ချိန်မှာ ဆိုရင် ဘာမှ မခိုင်းပါဖူး၊စာသာ ကျက်နေမယ်ဆိုရင် ထမင်းလည်းအဆင်သင့် အားလုံးကို ဘွားဘွားကြီးက လုပ်ပေးထားပါတယ်၊၊ ကျွန်မတို့ဟာ မိဘနှင့် နေတဲ့အချိန်ထက် ဘွားဘွားကြီးနှင့် နေတဲ့ အချိန်က ပိုများပါတယ်၊၊ ဘွားဘွားကြီး ရဲ့ ကျေးဇူးတွေက အများကြီးပါ၊၊ကျွန်မအဖေက အစိုးရ၀န်ထမ်းဆိုတော့ သူ့လစာနှင့်မလောက်ပါဖူး၊အဲဒီ အချိန်က မြိတ်မြို့မှာ မှောင်ခိုကုန်ကူးတာ တွေခောတ်စား တဲ့အချိန်ပေါ့၊၊ ဘွားဘွားကြီးက ကျွန်မတို့ မိသားစုကို ကုန်ကူးပီးကျွေးခဲ့ပါတယ်၊၊ ယိုးဒယားဖက်က သွင်းလာတဲ့ကုန်(အထည်၊ အချိုမုန့်၊ စတီး၈ျိုင့်၊ တွေကို ရန်ကုန်ကို သဘောင်္နှင့် သယ်ရပါတယ်၊၊ ရန်ကုန်မှာ ပြန်သွင်းရတာပါ၊၊ တခါတလေ အဖမ်းခံရရင် အရင်းပါပြုတ်ပါတယ်၊၊ အကောက်ခွန်ဌာနက လူတွေအတွက်တော့ ချမ်းသာကြတာပေါ့၊၊ ဘွားဘွားကြီး ၊ရန်ကုန်ကပြန်လာရင် သီးအနှံတွေပြန်သယ်လာပါတယ်၊၊ ခရမ်းချဉ်သီး၊လိမ်မော်သီး၊ ပန်သီးပေါ့၊ အဲဒါတွေကို ကျွန်မတို့က မြိတ်မှာ ပြန်ရောင်းရပါတယ်၊၊ ကျွန်မငယ်ငယ်က လိမ်မော်သီးေ၇ာင်းရတာ အရမ်းရှက်ပါတယ်၊၊ ဘွားဘွားကြီး က သမာအာဇီဝပဲ၊ ရှက်စရာမလိုဖူးလို့ ဆုံးမထားပါတယ်၊၊ နောင်မှ မေမေက ဈေးရောင်းတော့ ဘွားဘွားကြီးကို အိမ်မှာပဲ ကျွန်မတို့မောင်နှစ်မ နှင့်နေ မေမေ့ဆိုင်ထမင်းပို့ ၊ဆိုင်ထိုင် ၊ပြောင်းပီးလုပ်ခဲ့ပါတယ်၊၊ (၈၈)အရေးအခင်းဖြစ်တော့ ကျွန်မတို့မိသားစု မြိတ်မြို့မှာ အမျိုးမရှိတာမို့လို့ ၊ ပြေးမယ်ဆိုရင် ပြေးစရာနေရာမရှိဖူးဆိုပြီး၊ဘွားဘွားကြီးက ကျွန်မတို့ မောင်နှစ်မတွေကို သူ့မွေးရပ်မြေ တောင်တွင်းကြီးကို ပြန်ခေါ်လာခဲ့ပါတယ်၊၊ဖေဖေမေမေတို့ ပို့တဲ့ ပိုက်ဆံနှင့် သူ့လယ်က ထွက်တဲ့စပါးတွေနှင့် ကျွန်မတို့ မောင်နှစ်မတွေကို (၁၀) တန်းအောင်တဲ့ အထိ ကျောင်းထားပေးခဲ့ပါတယ်၊၊
(၁၀)တန်းအောင်ရင် ကျွန်မအဖေက ကျွန်မတို့ကို ရန်ကုန်က အဘွားအိမ်ကို ပို့ပီး ကျောင်းဆက်တက်တော့ ဘွားဘွားကြီးနှင့် ဝေးသွားပါတယ်၊။ ကျွန်မအလုပ်ရတော့ တနှစ်တခါ ဘွားဘွားကြီးကို ပြန်ပီး ကန်တော့ပါတယ်၊၊ ဘွားဘွားကြီးကတော့ ကျွန်မတို့ ပြန်လာရင် သူ့သူငယ်ချင်းတွေကို သူ့မြေးတွေ လိမ်မာကြောင်း၊ရန်ကုန်မှာ အလုပ်လုပ်နေတာဖြစ်တဲ့ အကြောင်းဂုဏ်ယူနေလေ့ရှိပါတယ်၊၊ ကျွန်မတို့ ပညာတတ်ဖြစ်လာတာကို မြင်ရတာကပဲ သူ့အတွက် အားဆေးတခွက်ပဲတဲ့၊၊သူ ဘာမှ မလိုပါဖူးတဲ့၊၊ ကျွန်မတို့ ပို့သမျှ ပိုက်ဆံတွေကို သူ အကုန်စုပြီး လှူပစ်ပါတယ်၊၊
ဒီလိုနှင့်ပဲ ဘွားဘွားကြီးဟာ အသက်(၈၀) နားနီးမှာ ဆုံးသွားပါတယ်၊၊ ဆုံးသွားရတဲ့ အကြောင်းအရင်းကို ပြောပြပါရစေ၊၊ ကျွန်မအဘွားဟာ ဒီလို့ ဆေးမီတို တစ်ခုကြောင့် ဆုံးသွားရတယ်ဆိုတာ စဉ်းစားမိတိုင်း ရင်နာလို့ မဆုံးပါဖူး၊၊ သူသင်ချင်ခဲ့တဲ့ ပညာတွေ မသင်ခဲ့ရလို့ ဗဟုသုတ မရှိခဲ့လို့များလား၊၊ ပထမမှာ ဘွားဘွားကြီးက ယားနားတစ်ခု ပေါက်လာပါတယ်၊၊ အဲဒါကို ဆေးခန်းမပြပဲ နှမြောပိး ၊သူများပြောတဲ့ နွားချီးခြောက်နှင့် အုန်းဆီလိမ်းပါတယ် ၊ မေမေလည်းမသိလိုက်ပါဖူး၊၊ အဲဒီမှာ အနာက ပိုဆိုးလာပီး ၊ တကိုယ်လုံး အနာတွေ ပေါက် လာပါတယ်၊၊ ကျွန်မတို့လည်းသိသိချင်း ဆေးအမြန်ကုပါတယ်၊၊ မေမေက ဘွားဘွားကြီးကို နေ့တိုင်းရေးချိုးပေးပီး ၊ ဆရာဝန်ပေးတဲ့ လိမ်းဆေးတွေနှင့် ပြောင်းကုပေးပါတယ်၊၊ ဘွားဘွားကြီးက ကျွန်မတို့ကို စိတ်ပူမှာဆိုးလို့ မခေါ်ခိုင်းပါဖူး၊၊ နှောက်ဆုံးအချိန်ရောက်မှ မေမေ ပြန်ခေါ်မှ ကျွန်မတို့တွေ ပြန်လာခဲ့တာပါ၊၊ ကျွန်မတို့တွေ ဘွားဘွားကြီးကို သေသေချာချာ ပြုစုပေးခဲ့ပါတယ်၊၊ သူလှူချင်တဲ့ ဘုရားကြီးကို လည်းကျွန်မကိုယ်တိုင် သွားလှူပေးခဲ့ပါတယ်၊။ အိမ်ပြန်ရောက်တော့ ဘွားဘွားကြီးကို ပြန်ပိးအမျှဝေပေးပါတယ်၊၊ ဘွားဘွားကြီးက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်၊၊ နောက်တော့ ဘွားဘွားကြီးက ငါလှူချင်တာတွေလည်းလှူပီးပီ၊၊ ငါ့မှာ ၀ဠ်ကြွေးတွေရှိခဲ့ရင် ဒီဘ၀နှင့် ပဲ အကြေဆပ် ခဲ့တယ်တဲ့၊၊ ငါ့မြေးတို့ အလုပ်ရှိတယ် ပြန်ကြတဲ့၊၊ အဘွားက သေပျော်ပီဆိုပြီး ပြန်လွတ်လိုက်ပါတယ်၊၊ နောက်တစ်လကြာတော့ ဘွားဘွားကြီး ဆုံးသွား ပါတယ်၊၊
ဘွားဘွားကြီးဟာ ကျွန်မဘ၀ ရဲ့ အားမာန်ပါ၊၊ ကျွန်မတို့ မောင်နှစ်မတွေရဲ့ သိမ်ငယ်မှုတွေ ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့တာပါ၊၊ဘွားဘွားကြီး ရဲ့ ကျေးဇူးတွေဟာ ကျွန်မရဲ့ ဘ၀ မှာ တန်ဖိုး မဖြတ်နိုင်ခဲ့ပါဖူး၊၊ ကျွန်မတို့တွေ ဘွားဘွားကြီးရဲ့ ကျေးဇူးတွေကို ကျေအောင်ဆပ်နိုင်ခဲ့လား ဆိုတာ ကျွန်မကိုယ်ကျွန်မ မယုံကြည်ခဲ့ပါဖူး၊၊ဒီလိုနှင့် ပဲ ဘွားဘွားကြီး ကျွန်မတို့ကို ထားခဲ့တာ ၅ နှစ်ရှိခဲ့ပါပီ၊၊ ကျွန်မအနေနှင့်ကတော့ ဘွားဘွားကြီးကို တောင်းတွင်းကြီးမှာ ရှိနေဆဲပဲဆိုတဲ့ အသိတစ်ခုအနေနှင့်ပဲ ရှိနေဆဲပါ၊၊

No comments: