Thursday 7 December 2006

မိတ်ဆက်

ဘာရေးရရင်ကောင်းမလဲ၊၊
ကျွန်မ အင်တာနက်မှာ ကျွန်မသူငယ်ချင်းတွေရေးတဲ့ ဘလော့တွေ ဖတ်ပြီး အားကျလာတယ်၊၊ ကျွန်မလဲ စာတွေရေးချင်လိုက်တာ၊၊ ဒါပေမဲ့ ကျွန်မဇော်၈ျီဖောင့်ကို ကျွန်မရဲ့ ဘလော့မှာဘယ်လို သုံးရမယ်ဆိုတာ မသိလို့ ရှာနေတာနှင့် တော်တော်ကြာသွားတယ်၊၊ ကိုရိုးကိုလဲ တစ်ခါမှမသိပဲ မိတ်မဆက်မိပဲ၊ အကူအညီ တောင်းမိပါတယ်၊ ကျေးဇူးအထူးတင်ပါတယ် ကိုရိုးရေ၊၊ဒါဟာလဲ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခု ထင်ပါရဲ့၊၊
ကျွန်မက ကိုကလိုစေးထူးတို့လိုလည်း ၊ ရေးစရာအတွေ့အကြုံလည်းမရှိ၊ မမေဓါဝီတို့လိုလဲ ကဗျာလေးတွေ မရေးတတ်ပါဖူး၊ တခါမှလည်း မရေးဖူးပါဖူး၊၊ သူများရေးသမျှစာတွေ အားလုံးကိုတော့ ဖတ်တတ်၊ နားလည်ခံစားတတ်ပါတယ်၊၊
တကယ်လို့များ ကျွန်မ ဘလော့ လေးတွေ ဖတ်လို့ မကောင်းခဲ့ရင် ကျွန်မရဲ့ ညံ့ဖျင်းမှုကို နားလည်၊ပေးကြပါလို့ ကြိုတင်တောင်းပန်ပါရစေ၊၊
အားလုံးသော မိတ်ဆွေများ အေးချမ်းပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်၊၊

1 comment:

Unknown said...

အစပိုင်းမှာတော့ ဒီလိုပဲ အခက်အခဲတွေ ရှိတတ်တာပါပဲ ညီမရ..နောက်တော့လဲ မေးရင်းမြန်းရင်းနဲ့ပဲ အိုကေသွားတာပါပဲ.. မှန်မှန်သာရေး.. အားပေးနေမယ်.. :)