- သူတစ်ပါးအပြစ်ကို၊မမေးရင်မပြော၊မေးရင်တောင်နည်းနည်းပဲပြောတယ်။
- မိမိအပြစ်ကိုတော့၊မမေးပေမယ့်၊ပြောသင့်ရင်ပြောပြတတ်တယ်၊၊မေးရင်လည်းပြည့်ပြည့်စုံစုံ ပြောတတ်တယ်၊၊
- သူတစ်ပါးဂုဏ်ကျေးဇူးကို ဘယ်တော့မှမမေးပေမဲ့ ပြောပြတတ်တယ်၊၊
- မိမိရဲ့ ဂုဏ်ကျေးဇူးကို မမေးရင်မဖေါ် မေးရင်တော့ အနည်းငယ်မျှသာ ပြောပြတတ်တယ်၊၊
စကားဆိုတာ၊ တစ်ဦးတစ်ယောက်နှုတ်ကပြောပြီးတဲ့ နောက်မှာမှ အသက်ဝင် ရပ်တည်တာ၊ အကျိုးဆက်ဖြစ်ပေါ်တာ၊၊ (အီမီလီဒစ်ကီဆွန်)
“သု စိ ပု ဘာ၊ ၀ိ လိ သိ ဓာ
အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊နေ့တိုင်းဆင်လော့၊၊”
- သု = သုဏေယျ (ကြားနားပါ)
- စိ = စိန္တေယျ ( ကြံစည်ပါ)
- ပု = ပုစ္တေ္ဆယျ (မေးမြန်းပါ)
- ဘာ = ဘာသေယျ (ဆွေးနွေးပါ)
- ၀ိ = ၀ိစာရေယျ (စူးစမ်းပါ၊သုသေသနပြုပါ)
- လိ = လိက္ခေယျ (ရေးသားပါ)
- သိ = သိက္ခေယျ (လေ့ကျင့်ပါ)
- ဓာ = ဓာရေယျ (ကျက်မှတ်ပါ)
- အခြားသူများပေါ်တွင် အဟုတ်အဟတ်စိတ်ဝင်စားပါ၊၊
- ပြုံးပါ၊၊
- လောကတွင် သုတိ-အသာအယာဆုံးအသံသည် မိမိနာမည်ကို လူတစ်ယောက်ကခေါ်လိုက်သောအခါ ကြားရသောအသံဖြစ်ကြောင်းသတိပြုပါ၊၊
- တဖက်သားစိတ်ဝင်စားလျှက်ရှိသော ကိစ္စမှနေ၍ ဆွဲဆောင်ပါ၊၊
- တဖက်သား စကားပြောနေစဉ် ဂရုစိုက်၍ နားထောင်ပါ၊၊တဖက်သား သူတို့အကြောင်းပြောပြရန် အားပေးပါ၊၊
- တဖက်သားအား သူ့ကိုယ်သူ အထင်ကြီးလာအောင် လုပ်ပေးပါ၊၊ဤသို့လုပ်ရာတွင် စိတ်ရောကိုယ်ပါ လုပ်ပေးပါ၊၊