Thursday 1 February 2007

မှားတာကို ပယ်ရှား၊ မှန်ရာကို ပိုက်ထုပ်တတ်ဖို့ဆိုတာ ပညာရှိကြီးတွေရဲ့ အလုပ်

“မှားတာကို ပယ်ရှား၊ မှန်ရာကို ပိုက်ထုပ်တတ်ဖို့ဆိုတာ ပညာရှိကြီးတွေရဲ့ အလုပ်”
မမေဖေဖေရေးထားတဲ့ စာလေးထဲက စာသားလေးပါ၊၊ ကျွန်မကြိုက်တာကတော့ စာတစ်စောင်လုံးပါပဲ၊၊
အရမ်းကို ဖတ်ရတာ အဓိပ္ပါယ်ရှိပါတယ်၊၊ ဖတ်လေဖတ်လေဖတ်ချင်လေပါပဲ၊၊ မမေရဲ့ ဖေဖေကိုလည်း အရမ်းလေးစားမိပါတယ်၊၊ စာဖတ်ခြင်းရဲ့ အရသာကို ကျွန်မပိုပြီးနှစ်သက်လာပါပြီ၊၊ ဖတ်ချင်ရင်တော့ ဒီလင့် မှာ သွားဖတ်ပါနော်၊၊
“မှားတာကို ပယ်ရှား၊ မှန်ရာကို ပိုက်ထုပ်တတ်ဖို့ဆိုတာ ပညာရှိကြီးတွေရဲ့ အလုပ်”
ဘာလို့ ကျွန်မဒီစာကြောင်းလေးကို အရမ်းနှစ်သက်မိပါလိမ့်၊၊ ကျွန်မထင်တာတော့ ကျွန်မအမြင်နှင့် ကျွန်မလက်ခံထားတာတွေနှင့် ကိုက်ညီလို့ ဆိုတာတော့သေချာပြောနိုင်ပါတယ်၊၊ ကျွန်မခု စာဖတ်တယ်၊၊ အဓိကကတော့ ဘလော့ပဲဖတ်ဖြစ်တာပါ၊၊ဒါကလည်း ကျွန်မလက်ရှိအလုပ်နှင့်ကိုက်ညီနေလို့ပါ၊၊ ကျောင်းစာတွေ အလုပ်နှင့် ပတ်သက်တာတွေကို ပဲ ဖတ်နေရလို့ ကျန်တဲ့စာတွေ မဖတ်ရတာကြာပါပီ၊၊ မမေနှင့်ကိုသံလွင်တို့ကို အများကြီးကျေးဇူးတင်မိပါတယ်၊၊ ဘာသာပြန်တွေကို အခြေခံရေးတဲ့ နိုင်းနိင်းကိုလဲ ကျေးဇူးပါ၊၊ဗဟုသုတရလို့ပါ၊၊
ကျွန်မကတော့ စာဖတ်ရင် ကိုယ်လက်မခံနိုင်တဲ့ အယူအဆဆိုရင် မေ့ပစ်ပီး၊ လက်ခံနိုင်တာဆိုရင်တော့ မှတ်ထားလိုက်ပါတယ်၊၊ တခါတလေ အမြင်မတူတာမျိုးတွေဖတ်ရရင်တော့ သူုကြီးပြင်းလာတဲ့ဘ၀မှာ ရခဲ့တဲ့အသိနှင့် ကျွန်မကြီးပြင်းလာတဲ့ ဘ၀မှာ ရခဲ့တဲ့ အသိအမြင်ခြင်းမတူလို့နေမှာပဲလို့ မှတ်ယူထားလေ့ ရှိတတ်ပါတယ်၊၊ တစ်ခါတစ်လေ မသိသေးတာတွေပါနေရင်လဲ၊ ကျွန်မလက်ခံနိုင်ရင် ကျွန်မအယူအဆ ဖြစ်သွားတတ်ပြန်ပါတယ်၊၊ ဒါကတော့ စာဖတ်ခြင်းရဲ့ အကျိုးဆက်ဖြစ်မယ်ထင်ပါရဲ့၊၊ ဒါကို စဉ်းစားမိတော့ စာရေးသူတွေရဲ့ တာဝန်ဟာ အရမ်းကြီးပါလားလို့ စဉ်းစားမိပြန်ပါတယ်၊၊
တကယ်လို့များ ကျွန်မလိုဆို ကိုယ်ကြိုက်တဲ့ စာရေးဆရာပဲ ဆိုပြီး သူဘာရေးရေးလက်ခံလိုက်မိရင်တော့ မတွေးဝံ့စရာပဲပေါ့၊၊ ကျွန်မတို့က အစွဲရှိတတ်တာကိုး၊၊ ကျွန်မဆို ဒီစာေ၇းဆရာတစ်ယောက်ကို သူရေးခဲ့တဲ့ စာတစ်ပုဒ်ကြောင်းလေးစားမိသွားရင် နှောင်လဲ သူဘာရေးရေး ဖတ်ပြီးခါစမှာ ၅၀% ကတော့ လက်ခံမိမှာပါပဲ၊၊ နောက်သေသေချာပြန်ဖတ်မှ လက်ခံတာမခံတာကတော့ တစ်ပိုင်းပေါ့၊၊ ဒါတွေက ကျွန်မစာဖတ်သူတစ်ယောက်အနေနှင့် အမြင်တွေပါ၊၊
ဘလော့ထဲက ဆွေးနွေးချက်တွေ ဖတ်ရလေ ကျွန်မအတွက်ကတော့ ပညာရလေ၊၊ ဗဟုသုတရလေပါပဲ၊၊
ဘလော့မှာ ၀င်ဆွေးနွေးတဲ့လူတွေကို အရမ်းကျေးဇူးတင်မိပါတယ်၊၊
ကျွန်မကိုယ်တိုင်ကတော့ သူများဖတ်လို့ကောင်းအောင်၊ အသိပညာတွေပေးနိုင်အောင် ကျွန်မစာတွေမေ၇းနိုင်ပါဖူး၊၊ ကျွန်မရဲ့ လက်ရှိအသိလေးနှင့် ၊ ကျွန်မဖြတ်သန်းလာခဲ့တဲ့ ကျွန်မဘ၀လေးကိုပဲ ရေးတတ်ပါတယ်၊၊ ကျွန်မ ဘလော့က ဘယ်အဓိပ္ပါယ်ကို ရည်ညွန်းတယ်ဆိုတာ ပေါ်လွင်အောင်လည်း မရေးတတ်ပါဖူး၊၊ ကျွန်မမှားနေရင်လည်းသင်ပေးကြပါလို့၊၊
ကျွန်မအိမ်မှာ လူကြီးတွေကို ကန့်တော့ရင် ကျွန်မကြီးကြီးက ဆုပေးတာကတော့ “ဆိုဆုံးမလွယ်တဲ့လူဖြစ်ပါစေ” တဲ့၊၊
ကျွန်မ အဲလိုဖြစ်အောင်အမြဲကြိုးစားနေပါတယ်၊၊ ကျွန်မကို ဆုံးမတဲ့အနေနှင့် တန်ဖိုးရှိတဲ့ စာတွေများများရေးပေးကြပါလို့၊၊
ဘလော့ ပိုင်ရှင်များကို ကျေးဇူးတင်လျက်ပါ၊၊
လူတိုင်း ငြိမ်းချမ်းသော ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေ၊၊




3 comments:

Anonymous said...

ဂွတ်ထ...ပိုလီယိုနာ..အဲ ..ဟုတ်ပါဝူးးး...ပိုလီယာနာ ရေ...
အဆုံအမနာခံတတ်သူဆိုရင် နောက်မှလာဆုံးမအုံးမယ်...ဟဲဟဲ

Miss.Pollyanna said...

hello philtre,
If u can,I will .
ok..welcome my freind!!!

Anonymous said...

hey,,a pyo ma pollyo...
how long will u take for a post...i come here with a hope to read a new post..but......