Tuesday 13 February 2007

“လေလွင့်သူရဲ့တိမ်”

“လေလွင့်သူရဲ့တိမ်”
မုန်းတီးမှုများ ၊ စားသုံးရင်း
ခွန်အားသစ်တွေ၊ ဖြစ်ခဲ့ပြီ၊၊
နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
ရေတိုက်စားရင်း၊ငြိမ်းခဲ့ပြီ၊၊
လွဲချော်သွားတဲ့ နာရီများအတွက်
အိမ်မက်တွေကို ဖြတ်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်းစိန်ခေါ်ခဲ့ရပြီ၊၊
ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးသွားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျတဲ့အခါ
ဘ၀ဆိုတာ ကောလဟာလပါပဲ၊၊
ရွှေရှာသူများ၊
ငွေရှာသူများ၊
နေရာယူသူများ၊
အားလုံးရဲ့နောက်မှာ...ငါ
လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ်.....၊
ဒါပေမဲ့....
ဘာတွေမှတွေးမနေနဲ့တော့
တိမ်တွေရဲ့ကိစ္စ
ရာသီတွေရဲ့ကိစ္စ
လောကကိုမတောင်းဆိုလိုက်လေနဲ့
အိနြေ္နကြီးတဲ့ ကောင်းကင်ကြီးလို
နေလိုက်ပေါ့ကွယ်၊၊
(ဂျူး)
မှတ်ချက်၊၊ စာရေးဆရာမ ဂျူးရဲ့ ကဗျာလေးကို မျှဝေပေးခြင်းသာ ဖြစ်ပါတယ်ရှင့်)

1 comment:

Anonymous said...

ကျနော်လည်း အဲဒီကဗျာလေးကို ဖတ်ဖူးလို့ မှတ်မိနေတယ်။ ဘယ်ဆောင်းပါး၊ ဘာဝတုထဲကလဲဆိုတာတော့ မမှတ်မိဘူး။ ၀င်ဖတ်ဖြစ်တာ ကြာပါပြီ။ စာတွေအကုန်လုံးဖတ်လို့ကောင်းပါတယ်။ ငယ်ငယ်က ဗုဒဘာသာအကြောင်း အမြဲသွန်သင်ဆုံးမတဲ့အဖွားကို သတိရတယ်ဗျာ။