Monday 19 February 2007

မှတ်စုဟောင်းများ

သူတော်ကောင်းအဖြစ်သိနိုင်သော အကြောင်းလက္ခဏာ (၄)ပါး
  1. သူတစ်ပါးအပြစ်ကို၊မမေးရင်မပြော၊မေးရင်တောင်နည်းနည်းပဲပြောတယ်။
  2. မိမိအပြစ်ကိုတော့၊မမေးပေမယ့်၊ပြောသင့်ရင်ပြောပြတတ်တယ်၊၊မေးရင်လည်းပြည့်ပြည့်စုံစုံ ပြောတတ်တယ်၊၊
  3. သူတစ်ပါးဂုဏ်ကျေးဇူးကို ဘယ်တော့မှမမေးပေမဲ့ ပြောပြတတ်တယ်၊၊
  4. မိမိရဲ့ ဂုဏ်ကျေးဇူးကို မမေးရင်မဖေါ် မေးရင်တော့ အနည်းငယ်မျှသာ ပြောပြတတ်တယ်၊၊
“တစ်ယောက်စကား၊တစ်ယောက်နားမှာ မခါးရအောင် မောင်တို့ဆိုစေ၊ ပျားသကာသို့ ချိုလှစေ၊၊”(ရှင်မဟာရဌသာ၇)

စကားဆိုတာ၊ တစ်ဦးတစ်ယောက်နှုတ်ကပြောပြီးတဲ့ နောက်မှာမှ အသက်ဝင် ရပ်တည်တာ၊ အကျိုးဆက်ဖြစ်ပေါ်တာ၊၊ (အီမီလီဒစ်ကီဆွန်)

သု စိ ပု ဘာလိ သိ ဓာ
အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊နေ့တိုင်းဆင်လော့၊၊”
  • သု = သုဏေယျ (ကြားနားပါ)
  • စိ = စိန္တေယျ ( ကြံစည်ပါ)
  • ပု = ပုစ္တေ္ဆယျ (မေးမြန်းပါ)
  • ဘာ = ဘာသေယျ (ဆွေးနွေးပါ)
  •ိ = ၀ိစာရေယျ (စူးစမ်းပါ၊သုသေသနပြုပါ)
  • လိ = လိက္ခေယျ (ရေးသားပါ)
  • သိ = သိက္ခေယျ (လေ့ကျင့်ပါ)
  • ဓာ = ဓာရေယျ (ကျက်မှတ်ပါ)
“လူကြိုက်များအောင်နေထိုင်နည်း(၆)နည်း”
  1. အခြားသူများပေါ်တွင် အဟုတ်အဟတ်စိတ်ဝင်စားပါ၊၊
  2. ပြုံးပါ၊၊
  3. လောကတွင် သုတိ-အသာအယာဆုံးအသံသည် မိမိနာမည်ကို လူတစ်ယောက်ကခေါ်လိုက်သောအခါ ကြားရသောအသံဖြစ်ကြောင်းသတိပြုပါ၊၊
  4. တဖက်သားစိတ်ဝင်စားလျှက်ရှိသော ကိစ္စမှနေ၍ ဆွဲဆောင်ပါ၊၊
  5. တဖက်သား စကားပြောနေစဉ် ဂရုစိုက်၍ နားထောင်ပါ၊၊တဖက်သား သူတို့အကြောင်းပြောပြရန် အားပေးပါ၊၊
  6. တဖက်သားအား သူ့ကိုယ်သူ အထင်ကြီးလာအောင် လုပ်ပေးပါ၊၊ဤသို့လုပ်ရာတွင် စိတ်ရောကိုယ်ပါ လုပ်ပေးပါ၊၊
(မိတ္တဗဟဠီကာမှ ကောက်နုတ်ထားပါသည်၊၊)

4 comments:

Thyda said...

Good!

ဒီလိုစာလေးပြန်မဖတ်ဖြစ်ခဲ့
တာကြာပြီ။ကျေးဇူးနော်
ချက်နည်းပြုတ်နည်းတွေ
အတွက်ရောကျေးဇူး

မေဓာဝီ said...

မမေတော့ မမြင်ရသေးဘူး ညီမလေးရေ .. ဘာဖောင့်များ သုံးထားလဲ မသိဘူး။ လေးထောင့်ကွက်တွေ ချည်းပဲ မြင်ရတယ်။
ဒါပေမဲ့ ဘာရမလဲ ….မြင်ရအောင်လို့ ကော်ပီကူး-ဖောင့်ပြန်ပြောင်းပြီး ဖတ်လိုက်တာပေါ့။
ညီမလေးရဲ့ မှတ်စုလေးတွေက အဖိုးတန်လှပါတယ်။
တခုပဲ … မပြောရမနေနိုင်လို့ နဲနဲ ပြောပါရစေနော်။
* မိတ္တဗလဋီကာ* စာလုံးပေါင်းလေး လွဲနေလို့ပါ။
အသံထွက်ပါ မှားသွားမှာစိုးလို့ စေတနာနဲ့ လျှာရှည်လိုက်မိ ပါရဲ့။

Phyoe Phyoe said...

ma may,,

kyay zuu pae naw//sis koe dine lae ma myin ya lo...a ma ya//sis ka a way mar yauk nay dot pyin lo ma ya woo/font lae ma shi woo..
ma may si ka zaw gyi font ko mail po pay lo ya ma lar..kyay zu tin nay mar par.. naw//ma may ko ta di ya par dae..sis ka lay..pp

Mintasay said...

Thanks for your posts. It's really decent.