တနေ့တနေ့ ကျွန်မတို့တွေ့နေရတဲ့ ဒုက္ခတွေက လည်းအများသားလေ၊၊
ကျွန်မအဲလိုသာ ၊အရာရာကို၊ဒုက္ခလို့ သိသိနေမယ်ဆိုရင်တော့၊ကျွန်မတရားရနေပီလို့ ပဲပြောရမလား၊၊
ဟာဟ၊၊
ကျွန်မရဲ့ တစ်နေ့တာ ဒုက္ခ လေးကို မျှဝေချင်လို့ပါ၊၊မနက်မိုးလင်းလို့ အိပ်ယာက နိုးကထဲက စားဖို့အတွက်ချက်ရတယ်၊၊ ရုံးချိန်အမီ ဈေးပြေးရတယ်၊၊ဈေးရောက်တော့လဲ ပါလာတဲ့ တစ်နေတာငွေနှင့် ဈေးနှုန်းတွေက တက်တော့ လျှော့ဝယ်ရတယ်၊၊ လျှော့စားရတယ်၊၊ ကြာရင်တော့ လူသေးသေးလေးတွေ ဖြစ်ကုန်တော့မှာပဲလို့ ကျွန်မစဉ်းစားမိသေးတယ်၊၊ သူများနိုင်ငံက လူတွေဘာလို့ ထွားကြိုင်းနေကြပါလိမ့်၊၊ အသားစားများလို့လား၊၊ ???၊၊ ဒီမှာတော့ အသားဈေးကလည်းကြီး၊ ငါးဈေးကလည်းကြီး၊၊ ပုဇွန် တောင် နိုင်ငံခြားပို့ပြီး ကျန်တဲ့ အကောင်အသေးလေးတွေပဲ စားရပါတယ်၊၊ ဒါတောင်ဈေးက အရမ်းကြီးပါတယ်၊၊ ဒါတွေပြောမနေတော့ပါဖူး၊၊
ကျွန်မ ဒီနေ့ ပြောချင်တာကတော့ ဘတ်စကားစီးရတဲ့ ဒုက္ခပါ၊၊
ကျွန်မ မနက်မနက်ဆို ဘတ်စကားမှတ်တိုင်ကို ၈နာရီလောက်အရောက်သွားရတယ်၊။ ရုံးနှင့် အိမ်က အမှန်တကယ်မောင်းမယ်ဆိုရင် ကားသာမစောင့်ရရင် (၁၅)မိနစ်နှင့် ရောက်တဲ့ခရီးပါ၊။ ဘတ်စကားကို မှတ်တိုင်မှာ စောင့်ရတဲ့အချိန်ရယ်၊တခါတလေ လူမပါလို့ဆိုပြီး မှတ်တိုင်တစ်ခုစီမှာ အကြာကြီးလူမလာမချင်းစောင့်တဲ့အချိန်တွေကို တွက်ပြီးသွားရတာပါ၊။ အမှန်တော့ ရုံးက (၉)နာရီ အရောက်သွားရင်ရပါတယ်၊၊ မှတ်တိုင်ရောက်တော့ ကိုယ်စီးမဲ့ကားက နာရီဝက်မှ တစ်စီးလာတတ်တာမို့လို့ စောင့်ရပြန်တယ်၊၊ ကားရပြန်တော့ လူတွေက များလွန်းလို့ အသက်ရှုကျပ်နေအောင်ပဲ စီးရပါတယ်၊၊ တော်ရုံ ကျန်းမာရေးမကောင်းတဲ့လူဆို ဘတ်စကား စီးလို့မရနိုင်ပါဖူး၊၊ဒီကြားထဲ ခါးပိုက်နှိုက် ရန်ကလည်းကြောက်ရပါသေးတယ်၊။ လူတွေလည်း ကုန်ဈေးနှုန်းက ကြီး ၀င်ငွေ၊ထွက်ငွေတွေ မမျှလို့ အကျင့်စာရိတ္တတွေလည်း မထိမ်းနိုင်ကြတော့ပါဖူး၊၊ မနက်ကလည်း ဘတ်စကားပေါ်မှာ အမကြီးတစ်ယောက် အသက်ရှူကျပ်ပြီး မေ့လဲသွားလို့ ဘတ်စကားကို မဟာမြိုင်ဆေးခန်းမှာ ရပ်ပြီးပို့ခဲ့ရပါသေးတယ်၊၊ ရုံးချိန်မမိလို့ တက္ကစီ ငှားစီးမယ်ဆိုပြန်ရင်လည်း ဓါတ်ဆီဈေးတွေက ကြီးတော့ တက္ကစီခတွေလည်း ကြီးလို့ တော်ရုံ သူဠေးတောင် ဘတ်စကားစီးနေတာက တွေ့နေရပါတယ်၊။ ကျွန်မတို့လို့ ၀န်ထမ်းတွေက ပိုဆိုးတာပေါ့၊၊ တစ်ခါတစ်လေ မြန်ချင်လို့ လူသိပ်မပါတဲ့ ကြားကားစီးရင် ကားခက (၂)ဆ ပိုပေးရပါတယ်၊၊ မှတ်တိုင်ကနေ့ ရုံးကို ဆိုက်ကားထပ်စီးရတော့ တက္ကစီခရဲ့ တ၀က်လောက်တော့ ကုန်တာပေါ့၊၊ ဒါတောင် ရုံးချိန်မမိလို့ လစာကပါ ထပ်ဖြတ်ပြန်တော့ ပိုဆိုးရော၊။ လစာတွေက မတိုး၊ ကုန်ဈေးနှုန်းတွေက တက် လူတွေလည်း ချွေတာရတာနှင့် ကြာရင် လူပုံရောပေါက်ပါအုံး မလားလို့ တောင် ကျွန်မ ခဏခဏ စဉ်းစားမိ ပါသေး တယ်၊၊ ခုနောက်ပိုင်းမှာ ကျွန်မတို့နိုင်ငံ ကလူတွေ ဘတ်စကားစီးတဲ့လူဦးရေပိုများလာတာကို တွေ့နေရပါတယ်၊၊ လောင်စာဆီတွေက ဈေးကြီးတော့ တော်ရုံကိစ္စဆို ဘတ်စကားပဲစီးနေကြတယ်ထင်ပါရဲ့၊၊ မှတ်တိုင်မှာ လူတွေကပုံ၊ ဘတ်စကားတွေက မလာ၊လာတော့လဲ ၀ိုင်းတိုးပီးတက်ရတယ်၊စီးရတယ်၊၊ ကြာရင် မိန်းကလေးတွေ ထမိန်ဝတ်ပြီးတက်ဖို့တော့ မလွယ်တော့ပါဖူး၊၊ ဒါလဲ၊ ဒုက္ခတခုပါပဲ၊၊
ဘတ်စကားတွေဘယ်ရောက်ကုန်ပါလိမ့်၊၊
စပယ်ယာ တစ်ယောက်ပြောပြတာကတော့ ခုနောက်ပိုင်း ဘတ်စကားတွေကို တိုးချဲ့ပေးပေမဲ့ ၊ ဘတ်စကားအားလုံးဟာ ဆီဆိုင်မှာ တန်းစီနေရတော့ ဆီရှိတဲ့ကားတွေပဲ ကားမောင်းထွက်လို့ရလို့ ကားအစီးရေနည်းနေတာလို့ပြောပါတယ်၊၊ သူတို့လဲ ဆီ(ဓါတ်ငွေ့) ထုတ်တဲ့နေ့ဆို တစ်ညလုံးမအိပ်ရပါဖူးတဲ့ ကြာရင် စပယ်ယာတွေလည်း ဒေါင်းတော့မယ်တဲ့၊၊ ခရီးသည်တွေ မနက်မနက် လိုရာခရီးသွားဖို့ ဒီလိုမျိုးတွေနှင့် ကြုံပါများတော့ သူတို့လည်း သူ့မကယ်နိုင်၊ကိုယ်မကယ်နိုင်ဖြစ်နေကြပါရော့လား၊၊တိုးတက်နေတဲ့ခောတ်ကြီးမှာ ကျွန်မတို့ကတော့ တနေ့တနေ့ ဘတ်စကားပဲ တိုးတက်နေ ရပါလားလို့ စဉ်းစားမိလို့ပါ၊၊
ကဲ ဘာဆက်လုပ်ကြမလဲ၊၊???
ဒုက္ခ…..ဒုက္ခ…..ဒုက္ခ……လို့ပဲအော်နေရတော့မလား၊၊
ဒုက္ခကိုသိတိုင်း တရားရနိုင်မယ်ဆိုရင် ကျွန်မတို့ဆီကို လာလည်ကြပါလို့ တရားရှာ လိုသူများကို ဖိတ်ခေါ်ချင်စိတ်ပေါ်လာမိပါတယ်ရှင်၊၊