Wednesday 17 January 2007

မွန်ငါးနှပ်ဟင်း

ကျွန်မသူငယ်ချင်းအိရဲ့မွေးရပ်မြေကျိုက္ကမီမြို့ကို၊အလည်လိုက်သွားတုန်းကအိမေမေချက် ကျွေးခဲ့တဲ့ဟင်းလေးပါ၊၊ကျွန်မကချဉ်၊ငံ၊စပ်ကြိုက်တတ်လို့ချက်နည်းမေးထားတာပါ၊၊ ငါးနှပ်ဆိုတာအာပြဲခြောက်လုပ်တဲ့ ငါးပါ၊၊
ငါးအဆိုဆိုရင်၊အရမ်းနှူးညံ့လို့၊အကြာကြီးချက်စရာမလိုပါဖူး၊၊ ပထမဆုံးငါးကိုရေဆေးပြီး၊အိုးသန့်သန့်မှာ၊ထည့်ရပါမယ်၊။ဆီနဲနဲပဲထည့်ပါ၊၊ ငါးကို၊ဆား၊ဆနွင်းနှင့်အချိုမှုန့်၊ငါးပိနှယ်ပါ၊၊ငရုတ်သီး(ကုလားအော်သီး)ကို၊ကိုယ်စားနိုင် သလောက်ထည့်ပါ၊၊ကြက်သွန်ဖြူ၊နီ၊စပါးလင်ထောင်းပြီး၊ထည့်ပါ၊၊ရေကို၊ ငါးမြုပ်ရုံလေးပဲထည့်ပါ၊။မရမ်းပြားကိုသင့်တော်ရုံထည့်ပါ၊၊ (၁၀)မိနစ်လောက်ကြာလို့၊ပွက်လာရင် ရှမ်းနံနံပင် နည်းနည်း ထည့်ပါ၊၊ စားလို့ရပါပြီ၊၊

မှတ်ချက်၊၊ငါးနှပ်ကနှူးညံလို့ရေနဲနဲပဲထည့်တာပါ၊၊ ငါးအစား ကြက်သားတို့၊ တခြားအသားတွေကိုလည်း ချက်စားနိုင်တယ်လို့ အိမေမေကပြောပါတယ်၊၊

1 comment:

မေဓာဝီ said...

အဲဒီ ငါးနှပ်ဟင်း မမေ သိပ်ကြိုက်တာ၊ အိမ်မှာ ခဏခဏ ချက်စားတယ်၊ မရမ်းပြားတော့ မထည့်ဘူး၊
စားခါနီးမှာ ပင်စိမ်းရွက်လေး ခပ်လိုက်ရင် မွှေးနေတာပဲ၊ ပြောရင်းနဲ့တောင် သွားရည်ကျလာပြီ :P