လူရယ်လို့ ဖြစ်လာရင် မွေးခြင်းနှင့် သေခြင်း(၂)မျိုးပဲရှိတယ်လို့ဆိုပါတယ်၊၊ငိုခြင်းနှင့်စပြီး ငိုခြင်းနှင့်ပဲဆုံးတယ်လို့ ပြောကြပါတယ်၊၊ ကျွန်မစဉ်းစားမိပါသေးတယ်၊၊ ဒါဆို လူ့ဘ၀ကြီးဟာ ပျော်စရာလည်း မကောင်းပါလား လို့လေ၊၊ ပျော်စရာ အစစ်အမှန်ဆိုတာ ဘာလဲ ကျွန်မတို့ မသိတာလည်းဖြစ်နိုင်ပါတယ်၊၊
ကျွန်မငယ်ငယ်ကပေါ့ “သေတယ်”ဆိုတာကြီးကို သိချင်လို့ ညဖက်အိပ်ခါနီးမှာ သေကြည့်လေ့ ရှိပါတယ်၊၊ ကျွန်မအဘွားက ပြောဖူးတယ်၊၊ သေတယ်ဆိုတာ အသက်မရှူတော့တာတဲ့၊၊ ဒါကြောင့်ညဖက် လူတွေအိပ်တဲ့ အချိန်မှာ မအိပ်ပဲ ၊ အသက်မရှူပဲနေကြည့်ပါတယ်၊၊ ပြီးတော့ ကျွန်မဘယ်လိုခံစားနေရလဲဆိုပြီး ပြန်ကြည့်နေတာပါ၊၊ ကျွန်မဟာ အဲဒီအချိန်မှာ ဘယ်လိုခံစား ရတယ် ဆိုတာ ပြောပြလို့ မတတ်ပါဖူး၊၊ ကျွန်မဟာ လေဟာနယ်ထဲရောက်နေသလိုလို လွင့်မြောနေသလိုပါပဲ၊၊ ညတိုင်း အဲလို ကစားမိပါတယ်၊၊ နောက်တော့ အဲဒီကစားနည်းကို ကြိုက်လာသလိုပါပဲ၊၊
ခုကြီးလာတဲ့အချိန်မှာ အဲလိုမလုပ်ကြည့်မိတော့ပါဖူး၊၊ကျွန်မတို့တွေ ခုမနက်မိုးလင်းတာနဲ့ စားဖို့ ထမင်းချက် ရတယ်၊ ဈေးသွားရတယ်၊၊သေခြင်းတရားဆိုတာကြီးကို လွန်ဆန်နိုင်ဖို့ အာဟာရ ဖြည့်တင်းဖို့ကလည်း လိုအပ်သေး တာကိုး၊၊၀တ်ဖို့ အ၀တ်အစားတွေ လျှော်ရမယ်၊ မီးပူတိုက်ရမယ်၊၊စားနိုင်ဖို့ ၊ ၀တ်နိုင်ဖို့ ကျွန်မတို့ အလုပ်လုပ်ရအုံးမယ်၊၊ ဒီလိုနှင့်ပဲ ကျွန်မတို့ အားလုံးဟာ မသေခင်အထိ ဘ၀သံသရာထဲမှာ လည်ပတ် နေအုံးမှာပါ၊၊ ဒါတွေအားလုံးဟာ ဒုက္ခတွေချည်းပဲလို့ ကျွန်မ ခံစားမိပါတယ်၊၊ ဒါပေမဲ့ ပုထုဇဉ် ဆိုတော့ သိသိချည်းနဲ့ မေ့နေမိတာပါပဲ၊၊ တစ်ခါတစ်လေစဉ်းစားမိပါတယ်၊၊ ခုနေများ ကျွန်မသာသေသွားခဲ့ရင် ဘာတွေဖြစ်မလဲ၊၊ သေခြင်းတရားဆိုတာကြီးကို ရင်ဆိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပီလား၊၊ ကျွန်မ သေခါနီး လူတွေရဲ့ စိတ်ကို အရမ်းသိချင်ပါတယ်၊၊ သေခါနီးမှာ သူတို့ ဘယ်လိုခံစားသွားရလဲ၊၊ ကျွန်မကြားဖူးတာကတော့ လူတွေဟာ သေခါနီးအချိန်မှာ တော်တော်လေး ခံစားပီးမှ သေတတ်ကြတယ် လို့ ကြားဖူးပါတယ်၊၊ ကျွန်မသူငယ်ချင်းတစ်ယောက်ကိုမေးကြည့်ဖူး ပါတယ်၊၊သူက သေခါးနီးမှာ ဘာရောဂါမှ မခံစားရပဲ သေချင်တယ်လို့ပြောပါတယ်၊၊ကိုယ်ကို ပြုစုရမယ့်လူတွေကို အားနာလို့ပါတဲ့၊၊ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ခုနေငါသေသွားရင် သေလို့ရတယ်တဲ့၊၊ ငါ့ကိုယ်ငါ မကောင်းတာမလုပ်ဖူးလို့ ခံယူထားလို့ပါတဲ့၊၊ ကိုယ်ခံယူချက်နှင့် ကိုယ်ကတော့ မှန်နေကြတာပါပဲလေ၊၊ ကျွန်မဆရာတစ်ယောက်ကတော့ ပြောတယ်၊။ သေခါနီးမှာ အေ၇းကြီးဆုံးကတော့ သတိ ပဲတဲ့၊၊ သတိသာရှိမယ်ဆိုရင် ဘ၀ကူးကောင်းတယ်တဲ့၊၊ ဗုဒ္ဓဘာသာအယူအဆနှင့် ပြောရမယ်ဆိုရင်တော့ တရားမှတ်နေတာအကောင်းဆုံးပဲတဲ့၊၊ သေမှန်းတောင်မသိလိုက်ရဖူးတဲ့၊၊ ကိုယ်ခံစားနေရတဲ့ ဝေဒနာတစ်ခုကို ရှုပြီးနေလိုက်ရင် လက်ရှိခံစားနေရတဲ့ ဝေဒနာကို ကျော်လွှားနိုင်ပါတယ်တဲ့၊၊
သေခါနီးမှာ ထားရမယ့်စိတ်နှင့်ပတ်သက်ပြီး ကျွန်မဖတ်ဖူးတာကတော့
(၁)ဒေါသနှင့်သေ- ငရဲပြည်
(၂)မောဟနှင့်သေ-တိရစ္ဆာန်ပြည်
(၃)လောဘနှင့်သေ-ပြိတ္တာပြည် လို့ သိရပါတယ်၊၊
နောက် ကျွန်မ အကိုကြီးတစ်ယောက်ကို သေခြင်းနှင့် ပတ်သက်ပြီး ဘယ်လိုစဉ်းစာထားလဲ ဆိုတာ ဆွေးနွေးဖြစ်ခဲ့ပါတယ်၊၊
ကျွန်မ၊း ကိုလူလှရေ၊ သေခြင်းနှင့် ပတ်သက်ပြီးစဉ်းစားဖူးလား၊၊
ကိုလူလှး ဘုရားစကားမြေ၀ယ်မကျနားထောင်တဲလူအတွက်တော့ ဒါတွေဟာမဆန်းပါဖူး၊ အို၊နာ၊သေ ကိုနေ့တိုင်းဆင်ခြင်နေပါတယ်၊၊လူဟာမွေးခြင်းကနေစပြီး ရှင်သန်မှုအတွက် ရုန်းကန်လိုက်ရတာ နာခြင်းအမျိုးမျိုးကြုံရ၊နောက်ပြီးသဘာဝ တရားအရ အိုခြင်းကလည်း အဆက်မပြတ်၊နောက်ဆုံးတော့ သေခြင်းပဲလေ၊၊
ကျွန်မ၊း ကိုလူလှရေ၊ ကျွန်မသိချင်တာက ကိုယ်သာသေခြင်းတရားနှင့် ရင်ဆိုင်ရတော့မယ်ဆိုရင် ဘယ်လိုခံစားရမလဲ၊၊ ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာပေါ့၊၊
ကိုလူလှး ဒါကတော့၊ငါလူတိုင်းကို အမြဲမေးမိတဲ့စကားတွေပါ၊၊လူတိုင်းကို ငါမေးမိတာကတော့ “သေတတ်သလား” ဆိုတဲ့မေးခွန်းပါ၊၊သဘောပေါက်တယ်မလား၊ သေတာအမျိုးမျိုးရှိတယ်လေ၊အသိစိတ်ကမသိလိုက်တဲ့သေခြင်းနှင့်သိစိတ်ကသိလိုက်တဲ့ သေခြင်း၊
ကျွန်မ၊း ဟုတ်ကဲ့၊၊
ကိုလူလှး သိစိတ်ကမသိလိုက်တဲ့သေခြင်းက ဘာမှစဉ်းစားစရာမလိုပါဖူး၊၊ဥပမာ တိုက်ပွဲတစ်ခုမှာ သေနတ်မှန်ပြီး ပွဲခြင်းပီးသေသွားတာမျိုးပေါ့၊၊အစိမ်းသေပေါ့၊၊ဒါပေမဲ့ သိစိတ်နှင့် သေခြင်းက ပိုများတယ်လေ၊၊ ဆက်ဒမ်ဟူစိန်လိုမျိုးပေါ့၊၊
ကျွန်မ၊း ဟုတ်ကဲ့၊၊သေမှာကိုသိရက်နဲ့ သေတဲ့ဆက်ဒမ်၊သေခါနီးဘာတွေခံစားရပါလိမ့်၊
ကိုလူလှး သူ့မျက်နှာကို ဖတ်ကြည့်လေ၊အေးဆေးပဲ၊၊သေရမယ့်ဟာကိုသိနေတဲ့ လူတစ်ယောက်ဟာ သူ့မှာရှိတဲ့ ဆင်ခြင်တဲ့စိတ်က စကားပြောတယ်လေ၊၊ဥပမာ ဒေါသနှင့်သေရင် ပြသနာရှိတယ်၊၊တစ်ချိုက မသေချင်ဖူး၊ သေရမယ်ဆိုတာလဲသိတယ်၊၊ အဲဒါက လူမိုက်၊၊အဆိုးဆုံးသေခြင်းတစ်ခုပဲလေ၊၊ တကယ်တော့ သေရမယ်ဆိုတာ သိလိုက်ရင်၊သေလိုက်ပေါ့၊ဒါသဘာဝပဲလေ၊၊ အဲဒီသေမဲ့ အချိန်အတွင်းမှာ စိတ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ထားပေါ့၊၊ ဥပမာ ဘုရားဟောထားတဲ့ တရားထိုင်ခြင်းနှင့် ဆက်နွယ်သွားတယ်။စိတ်ကို အကောင်းဆုံးလုပ်ခြင်းကတော့ ညီမလည်းသိမှာပေါ့၊ဆက်ရန်..
ကျွန်မ၊း ဟုတ်ကဲ့၊၊ခုပြောပါ၊၊
ကိုလူလှး နောက်တစ်နေ့လေ၊၊
ကျွန်မ၊း နောက်နေ့ဆိုတာ မရှိတော့ရင် ဘယ်လိုလုပ်မလဲ၊၊
ကိုလူလှး သေခြင်းနှင့်မရှိတာလား၊မသေခြင်းနှင့်ရှိတာလား၊၊ဒါဆိုလဲ သေခြင်းနှင့်ရှိရင်လဲ ဘ၀တစ်ခု ပြတ်သွားတာပေါ့၊၊ဘုရားစာအုပ်တွေဖတ်ပေါ့၊ ဇာတိအစ မရဏအဆုံးလို့ရေးထားတယ်၊၊နင်ဖတ်ပြီးရင် ရေးပေါ့၊ ငါလည်း အလုပ်ရှိလို့၊၊ နောက်နေ့ဆက်ကြတာပေါ့၊၊
မှတ်ချက်၊၊ ၊၊ ကျွန်မတို့တွေ စာတွေအရမ်းဖတ်ပြီး နားလည်နေလို့ ဆွေးနွေးခဲ့ကြတာမဟုတ်ပါဖူး၊၊ သိထားတဲ့ အသိလေးတွေဖလှယ်ကြတာပါ၊၊ မှားရင်လဲ ပြင်ပေးကြပါလို့ တောင်းပန်ပါတယ်ရှင့်၊၊
1 comment:
တခါမှ မသေဘူးတော့..သေတတ်လား မသေတတ်လား တကယ်မသိပါဘူး။ :D စာရေးတာ ကောင်းတယ်.. တချို့စာလုံးပေါင်းတွေတော့ မှားနေတယ်။ များများရေး။ ဟင်းချက်နည်းတွေကိုတော့ ကွန်မန့် မရေးတတ်ဘူးကွ။
Post a Comment